စစ်မှုထမ်းဥပဒေကို အသုံးချကာ ပြည်သူချင်း ပြန်လည်ထိပ်တိုက်ရင်ဆိုင်စေသော စစ်နည်းဗျူဟာ ဖြင့် အာဏာသိမ်း ဗိုလ်ချုပ်ကြီးများ အကျိုးဖြစ်နေကြောင်း မြန်မာ့စစ်ဘေးရေးရာနှင့် လုံခြုံရေးဆိုင် ရာလေ့လာရေးအဖွဲ့ MDSI က ဆိုသည်။
လေ့လာစောင့်ကြည့်မှု မှတ်တမ်းများအရ လက်ရှိ ခြေလျင်တိုက်ခိုက်ရေးတပ်များ၏ စစ်ထွက်အင် အား ၈၅ ရာခိုင်နှုန်းသည် စစ်မှုထမ်းတပ်သားများဖြစ်ပြီး အာဏာသိမ်းစစ်တပ်သည် စစ်မှုထမ်းတပ် သားများကို အခြေပြု၍ အင်အားအများအပြားဖြင့် နိုင်ငံတစ်ဝန်း တန်ပြန်ထိုးစစ်များ ဖော်ဆောင်လာ ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
“သေချာတာက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက စစ်မှုထမ်းဥပဒေကို ချေမှုန်းနိုင်ခြင်းမရှိ ဘူး။ဒါ့ကြောင့် ပစ(စစ်မှုထမ်းတပ်သား)တွေ အလင်းဝင်လာရေးအပိုင်းကို သေချာအားထည့် လုပ် ဆောင်ဖို့ အင်မတန်အရေးကြီးတယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ ပြောသည်။
စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လစဥ်ပျမ်းမျှ စစ်မှုထမ်းတပ်သား ၄၇၀၀နှင့် အခြေခံ တပ်သားသစ် ခန့်မှန်း ၄၀၀ ဝန်းကျင်ဖြင့် ၂၀၂၅ တနှစ်တာအတွင်း စစ်မှုထမ်းတပ်သား ၆သောင်းကျော်ကို စုဆောင်းရရှိခဲ့ပြီး ယင်းအရေအတွက်သည် စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ခုနှစ် စု ဆောင်းရရှိမှုအင်အားထက် ၆ ဆအထိရှိကြောင်း သိရသည်။
အာဏာသိမ်းမှု မတိုင်ခင် စစ်တပ်၏ နှစ်စဥ် လူသစ်စုဆောင်းရရှိမှုမှာ ၁၉၉၅-၂၀၀၀ကာလအတွင်း နှစ်စဥ် ပျမ်းမျှ ၃သောင်း၊ ၂၀၀၅-၂၀၁၀ တွင် နှစ်စဥ် ၂သောင်းခွဲ ဝန်းကျင်၊ ၂၀၁၀ နောက်ပိုင်းတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲလာမှုနှင့်အတူ နိုင်ငံစီးပွားရေး တည်ငြိမ်တိုးတက်လာခြင်းကြောင့် စစ်တပ် ထဲ ဝင်ရောက်သူ တဖြည်းဖြည်း နည်းပါးသွားကာ တနှစ်တာစုဆောင်းရရှိမှုအင်အား တစ်သောင်းခွဲအောက်အထိ လျော့ကျသွားခဲ့ကြောင်း တစ်ဖက်တွင်လည်း နှစ်စဥ် ပြုန်းတီးအင်အား ၅ မျိုး (တပ်ပြေး၊ ထုတ်ပယ်၊ ထွက်ခွင့်၊ ကျဆုံး၊ သေဆုံး) အရေအတွက်မှာ ပျမ်းမျှ ၁၂,၀၀၀ ကျော်ရှိသဖြင့် ၂၀၁၅ နောက်ပိုင်းတွင် ပြုန်းတီးအင်အားက စုဆောင်းရရှိမှုအင်အားထက် ပိုများခဲ့ကြောင်း MDSI ကဆို သည်။
ယခုအခါ ၂ နှစ်ကျော်အတွင်း စစ်မှုထမ်းအပတ်စဥ် ၂၅ ခု ဖွင့်လှစ်ထားပြီဖြစ်ပြီးအပတ်စဥ်၂၃အထိ သင်တန်းဆင်းပြီးဖြစ်သည်။
