ဇွန်လ ၂ပတ်တာအတွင်း အလင်းဝင်၊ လက်နက်ချနှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှု စုစုပေါင်း ၂၄၅ ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။
ဇွန်လ၂ပတ်အတွင်း အလင်းဝင် ၁၂ဦး၊ လက်နက်ချ ၁၀၀နှင့် စစ်သုံ့ပန်း ၁၃၃ဦးရှိကြောင်း ပြည်သူ့ ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ရွေးတုသမ္မတက ရုရှားနဲ့ တရုတ် အကူအညီနဲ့ အာဆီယံကို တိုးဝင်ဖို့ကြိုးစားနေတာ မအောင်မြင် သေးသလို တပည့်ကာချုပ်ကလည်း လမ်းဟောင်းကြီးအတိုင်း စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူး လွန်နေဆဲပါပဲ။တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ယုံကြည်ရာအမှန်တရားအတွက် ဆက်လက်တိုက် ပွဲဝင်နေကြသလို စစ်တပ်ရဲ့အသုံးချခံ အောက်ခြစစ်သည်တွေဟာလည်း နေ့မြင်ညပျောက်ဘဝတွေနဲ့ ရှေ့ဆက်နေကြရဆဲပါ”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။
စစ်သားများအနေနှင့် စစ်ခေါင်းဆောင်တို့၏ အသုံးချခံဘဝမှ လွတ်မြောက်ရန်အခွင့်အရေးမှာ ၎င်းလက်ထဲမှာသာရှိကြောင်း ပြည်သူ့ပန်းတိုင်က ထပ်မံသတိပေးသည်။
“ဒီလ ၂ပတ်အတွင်း အလင်းဝင် ၁၂ဦးပဲ ရှိတယ်ဆိုတာ အင်မတန်မှကို နည်းလွန်းတဲ့ အရေအတွက် ပါ။ဒါကို တော်လှန်ရေးခေါင်းဆောင်တွေ မြင်အောင်ကြည့်ဖို့လိုတယ်။စစ်သားတွေ သူတို့ဘာသာ အ လင်းဝင်တာကို ထိုင်စောင့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ဘက်ကလည်း ညှစ်အားသုံးဖို့ လိုတယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ အလင်းဝင်၊ လက်နက်ချနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၄၅၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
