လက်နက်ချနှင့် စစ်သုံ့ပန်း ၂၀၀ကျော် တစ်ပတ်အတွင်း ဖမ်းဆီးရမိ

ဓာတ်ပုံ- မြိုင်ပကဖ
ပုံစာ- ကုက္ကိုလ်စုပျူရွာကို သိမ်းပိုက်ပြီးနောက် ဖမ်းဆီးမိသောစစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။

ဇွန်လပထမပတ်အတွင်း လက်နက်ချနှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှု ၂၁၉ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။

ဇွန်လပထမပတ်တွင် လက်နက်ချသည့်စစ်သား ၁၀၀၊ စစ်သုံ့ပန်းဖမ်းဆီးရမိမှု ၁၁၉ဦးနှင့် အလင်း ဝင်လာသူ၃ဦးရှိကြောင်း သိရသည်။

“ဒီတပတ်မှာတော့ ထူးထူးခြားခြားပဲ အင်အား ၂၀၀ကျော် အလင်းဝင်/လက်နက်ချခဲ့ကြတာကို တွေ့ရပါတယ်။ဒါဟာ အစိုးရတုနဲ့ တပ်ချုပ်သစ်လက်ထဲက အပြောင်းအလဲကို အယုံအကြည် မရှိ တော့တဲ့ တပ်အင်အားစုတွေရဲ့ သဘောထားအမှန်ကို ချပြလာတာလို့လည်း ဆိုနိုင်ပါတယ်”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။

ကျန်ရှိနေသည့် စစ်သားများအနေနှင့် ကိုယ်ပိုင်ဘဝကို ရွေးချယ်နိုင်ရန်အတွက် အချိန်ကောင်းကို လက်လွှတ်မခံဘဲ အလင်းဝင်ကြရန် ပြည်သူ့ပန်းတိုင်က တိုက်တွန်းထားသည်။

“ဇွန်လပထမပတ်မှာ လက်နက်ချစစ်သား ၁၀၀ တောင် ရှိတယ်ဆိုတာ အင်မတန်ကြုံရခဲတာမို့ မှတ် တမ်းတင်ထားရမယ့် ရက်သတ္တပတ်ပါပဲ။မင်းအောင်လှိုင်တပ်က စစ်သားတွေဟာ အခြေအနေမ ကောင်းတာနဲ့ လက်နက်ချဖို့ အသင့်ပြင်ထားတယ်ဆိုတာကို ဖော်ပြနေတယ်”ဟု နယ်စပ်ဒေသအ ခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

ဇွန်လ၄ရက်တွင် ပေါက်မြို့နယ်၊ကုက္ကိုလ်စုပျူစောထီးရွာနှင့် ဇွန်လ၂ရက်၌ ပေါက်မြို့နယ်၊ရေပြာရဲစ ခန်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်း၅၀ကျော် ဖမ်းဆီးမိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်များက ထုတ်ပြန်ထားသည်။