အစိုးရတုမကြိုက်သည့် မေးခွန်းများ မမေးရန် တရားမဝင်မွန်ပြည်နယ်လွှတ်တော်ဥက္ကဌက အမတ် များအား ဖိအားပေးခဲ့ကြောင်း သိရသည်။
ဇွန်လ၈ရက်က မော်လမြိုင်မြို့၊ပြည်နယ်လွှတ်တော်ရုံး၌ ပြုလုပ်သည့် အဆို၊မေးခွန်းများဆိုင်ရာ ညှိ နှိုင်းဆွေးနွေးပွဲတွင် တရားမဝင်မွန်ပြည်နယ်လွှတ်တော်ဥက္ကဌသက်ထွေးက ပြည်နယ်လွှတ်တော်အ မတ်များအနေဖြင့် ကာလံ ဒေသံနှင့် လိုက်လျောညီထွေပြီး ပြည်နယ်အဆင့်အစိုးရက ဆောင်ရွက်နိုင် စွမ်းရှိသော အဆို၊ မေးခွန်းများအား ဦးစားပေး မေးမြန်း၊ တင်သွင်း ဆွေးနွေးကြရန်နှင့် လွှတ်တော်နှင့် ပြည်နယ်အစိုးရအဖွဲ့ပွတ်တိုက်မှု နည်းအောင် နှစ်ဦးနှစ်ဖက် ကိုယ်ချင်းစာတရားဖြင့် ဆောင်ရွက်ရန် လိုကြောင်း လမ်းညွှန်ခဲ့သည်ဟု သိရသည်။
“အစိုးရမကြိုက်တာ မမေးဖို့ မွန်ပြည်နယ်အစိုးရက လွှတ်တော်ဥက္ကဌကို ခေါ်ပြီး ပြောလို့ လွှတ်တော် ဥက္ကဌက အမတ်တွေကို ခေါ်ပြီး သတိပေးလိုက်တယ်လို့ပဲ ကျနော်တို့ နားလည်ထားတယ်။ ကြံ့ဖွံ့နဲ့ မွန်ပါတီအမတ်တွေကတော့ စစ်တပ်လူတွေဖြစ်တဲ့အတွက် သူတို့ကို ရည်ရွယ်တာတော့မဟုတ် လောက်ဘူး။တခြားပါတီက အမတ်တွေကို ဦးတည်ပြီး သတိပေးလိုက်တာ”ဟု ဒေသတွင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံ တစ်ဦးက MPAသို့ပြောသည်။
အစိုးရမကြိုက်သော မေးခွန်းများမှာ လက်ရှိတွင် နယ်လုံဝန်ကြီး ကျော်စွာမြင့်က တာဝန်ယူကာ လုပ်စားနေသော လောင်းကစားဝိုင်းနှင့် နေပြည်တော်က ခွင့်မပြုထားသည့် ထိုင်းကုန်ပစ္စည်းတင် ကားများကို လိုင်းကြေးယူကာ ဖြတ်သန်းခွင့်ပြုနေခြင်းကိစ္စရပ်တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရကို ကိုယ်ချင်းစာစိတ်ဖြင့် မေးခွန်းမေးကြရန် ဆိုသည့်အသုံးအနှုန်းမှာ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော နိုင်ငံရေးဟာသဖြစ်ပြီး Check and Balance လုပ်ကာ အစိုးရကို ထိန်းကျောင်းရမည် ဆိုသော လွှတ်တော်၏ အသက်ဝိဉာဉ် ပျောက်ဆုံးသွားပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျနော်တို့ မွန်ပြည်နယ်မှာ ဝန်ကြီးချုပ် အောင်ဝင်းသန်းဆိုတာ ဗိုလ်မှူးချုပ်၊လုံနယ်ဝန်ကြီး (လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) ကျော်စွာမြင့်ဆိုတာ ဗိုလ်မှူးကြီး။၂ယောက်စလုံးကို စစ်တပ်က လွှတ် လိုက်တာဆိုတော့ မွန်ပြည်နယ်ကို စစ်တပ်က အုပ်ချုပ်နေတာ။မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ သက် ထွေးဆိုတာက ချောင်ကြိုချောင်ကြားက ကောင်”ဟု ၎င်းက ဆက်လက်ပြောသည်။
ကြံ့ဖွံ့အမတ် လွှတ်တော်ဥက္ကဌ သက်ထွေးသည် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုရော၊လုံနယ်ဝန်ကြီးကိုပါ ကြောက်ရကြောင်း မော်လမြိုင်ကြံ့ဖွံ့အတွင်းစည်းထဲကလူတိုင်း သိသည်ဟုလည်း ၎င်းက ဆိုသည်။
မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ဖွံ့အမတ်၉ဦး၊ မွန်ညီညွတ်ရေးပါတီအမတ်၇ဦး၊ တိုင်းရင်းသား စည်း လုံးညီညွတ်ရေးပါတီ တစ်ဦး၊ ပြည်သူ့ပါတီတစ်ဦး၊ပြည်သူ့ရှေ့ဆောင်ပါတီတစ်ဦးနှင့် အမျိုးသားအ ကျိုးစီးပွားတိုးတက်ရေးပါတီ တစ်ဦးတို့ ရှိပြီး ယနေ့(ဇွန်၉ရက်)၌ လွှတ်တော်အစည်းအဝေး စတင်ပြု လုပ်လျက်ရှိသည်။
