ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ခင်ဦးတွင် ကျွန်းပင်၁၂၀၀စိုက်

By MPA

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်း တိုင်း၊ ခင်ဦးမြို့နယ်တွင် ကျွန်းပင် ၁၂၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဇွန်၁၉ရက်တွင် ခင်ဦးမြို့နယ်အတွင်း လမ်းဘေးဝဲယာ ခုတ်ထွင်ရှင်းလင်း၍ ကျွန်းပင် ၁၂၀၀ စိုက်ပျိုးခဲ့သလို နှင်းဆီပန်းသပိတ်၊ စီတန်းလမ်းလျှောက်၊ မွေးနေ့ ဆုတောင်းနှင့် ကြွေးကြော်မှုများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ စတစ်ကာကပ် ပူပေါင်းများ လွှတ်တင်ခြင်းများ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ခင်ဦး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

မွေးနေ့အထိမ်းအမှတ်ပွဲသို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့များနှင့် မြို့နယ်သယံဇာတအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူတို့ တက်ရောက် ခဲ့ကြသည်။