ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားနေသူတွေကို အရေးယူဖို့ စစ်ကော်မရှင်ထိပ်ပိုင်းခေါင်းဆောင်တွေ အမိန့်ပေးပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က အမျိုးသားတစ်ဦး ပထမဆုံးအနေနဲ့ အရေးယူခံလိုက်ရပါတယ်။
ရွေးကောက်ပွဲပျက်ပြားစေဖို့ လူမှုကွန်ရက်ကတစ်ဆင့် ရည်ရွယ်လှုံ့ဆော်တယ်ဆိုပြီး တောင်ကြီးမြို့နယ်တရားရုံးကနေ စက်တင်ဘာ ၉ ရက် မနေ့က အမျိုးသားတစ်ဦးကို ထောင်ဒဏ်(၇)နှစ်ချမှတ်လိုက်တယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။
