MPA ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပွဲကြိုခန့်မှန်းချက်

နည်းသစ်နဲ့စတင်ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားစတင်လာတာ အရှိန်ရလာတာနဲ့အမျှ ၃၂ သင်းအဆင့်ဝင်ခွင့်လက်မှတ်ရသွားတဲ့အသင်းတွေကိုလည်း မြင်ခဲ့ရပြီဖြစ်ပါတယ်။ အဲဒီထဲ MPA က အနိုင်ခန့်မှန်းပေးခဲ့တဲ့ မက္ကဆီကို၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အမေရိကန်တို့နဲ့အတူ အုပ်စုကျပ်က မော်ရိုကိုတို့လည်း အလားအလာကောင်းနေပြီဖြစ်ပါတယ်။ အဲဒီလိုအကြိတ်အနယ်ပွဲစဉ်တွေပြီးသွားချိန်မှာ ဒီနေ့နဲ့ မနက်ဖြန် ဇွန် ၂၁ ရက်တို့မှာလည်း ဆွီဒင်နဲ့ နယ်သာလန်၊ ဂျာမနီနဲ့ အိုင်ဗရီကို့စ်၊ ဂျပန်နဲ့ တူနီးရှားတို့လို ပွဲကောင်းတွေ ဆက်လာဦးမှာဖြစ်ပါတယ်။ ဒီလို ခန့်မှန်းရအလွန်ခက်ခဲတဲ့ ပွဲကြီးပွဲကောင်းတွေရဲ့ ပွဲကြိုခန့်မှန်းချက်တွေကို ဖြစ်နိုင်ချေတွေကို တွက်ဆလို့ ဘောလုံးချစ်ပရိသတ်တွေ စဉ်းစားလို့ရနိုင်မယ့် အတွေးလမ်းကြောင်းတွေကိုဖွင့်ပြီး ရလဒ်တွေကို MPA က မှန်းဆပေးသွားမှာဖြစ်ပါတယ်။

(၁) နယ်သာလန်နဲ့ ဆွီဒင်(ဇွန် ၂၀၊ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ)

ဥရောပအင်အားကြီးနှစ်သင်းရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အမှတ်လုကြမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာဖို့ ကြိမ်းသေသလောက်ရှိနေပါတယ်။ ၃ မှတ်ရထားတဲ့ ဆွီဒင်နဲ့ ဂျပန်ကို သရေကစားထားတဲ့ နယ်သာလန်တို့ရဲ့ ခြေစွမ်းတွေက မခေကြပါဘူး။ ဒါကြောင့် ဒီပွဲက မှန်းရအလွန်ခက်ပါတယ်။ ဥရောပက အသင်းတွေဖြစ်တာကြောင့် ထိပ်တိုက်တွေ့ဆုံမှု ရလဒ်တွေလည်း အများအပြားရှိထားပါတယ်။ ဒါတွေကိုကြည့်ရင် ကမ္ဘာ့ဖလား ဒုတိယနဲ့ တတိယဆုရှင် နယ်သာလန်တို့က ဆွီဒင်ကို အသာရနေတာတွေ့ရပါတယ်။ နောက်ဆုံးခြောက်ပွဲတွေ့ဆုံထားမှုမှာ နယ်သာလန်က ဂိုးပြတ် သုံးပွဲစိုးမိုးထားပြီး ဆွဲဒင်က ၁ ပွဲကပ်နိုင်ထားပါတယ်။ ကျန် ၂ ပွဲကတော့ သရေကျထားတာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းနဲ့ လူစာရင်းက တိုက်စစ်ပိုင်းမှာ ဆွီဒင်က ပိုသာနေသယောင်ရှိတာတွေ့ရပါတယ်။ နောက်တန်းနဲ့ အလယ်တန်းမှာလည်း နယ်သာလန်အောက် ဆွီဒင်တို့က အရမ်းရောက်မနေပြန်ပါဘူး။ ပထမပွဲမှာ ၃ မှတ်ရထားလို့ ဆွီဒင်တို့ ဒီပွဲကို သရေထိန်းကန်နိုင်ခြေရှိပေမဲ့ နယ်သာလန်တို့ကတော့ အနိုင်ရဖို့ မှန်းဆကစားလာဖွယ်ရှိပါတယ်။

ဒီပွဲဟာ ဂိုးမရှိသရေကျဖို့ လားလားမှမဖြစ်နိုင်တဲ့ပွဲဖြစ်ပါတယ်။ နယ်သာလန်က ဂျပန်ကို ၂ ဂိုးပေးခဲ့ရသလို ဆွီဒင်ကလည်း နောက်ဆုံး ၁၂ ပွဲမှာ ဂိုးတွေ ဆက်တိုက်ပေးထားရတဲ့ နောက်တန်းကို ပိုင်ဆိုင်ထားတာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး အလက်ဇန္ဒား အစ်ဆက် နဲ့ ဗစ်တာ ရော်ခရက်တို့လို ဆွီဒင်တိုက်စစ်အတွဲဟာ ကြောက်စရာကောင်းလောက်အောင် ကောင်းမွန်သလို တစ်ဖက်က နယ်သာလန်အသင်းမှာလည်း ကိုဒီ ဂက်ပို၊ ဆန်မာဗေးနဲ့ မာလန်းတို့ရဲ့ တိုက်စစ်ဆင်နိုင်မှုကလည်း အထွတ်အထိပ်မှာရှိနေတာပါ။

ဒီပွဲမှာ အများက နယ်သာလန်ကိုအလေးပေးနေကြပေမဲ့ ဆွီဒင်မှာလည်း အခွင့်အရေးတွေရှိနေပါတယ်။ အမှတ်လိုနေတဲ့ နယ်သာလန်က တိုက်စစ်ဖွင့်ကစားရင်း ဆွီဒင်တို့အတွက် နေရာလွတ်တွေပေးမိတဲ့အခါ ဒဏ်ခတ်ခံရမယ့်ပုံစံကို ပိုမိုစိတ်အားထက်သန်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ MPA အနေနဲ့ နယ်သာလန်ထက် ဆွီဒင်ကို ပို အကြိုက်တွေ့မိနေပါတယ်။ ဆွီဒင် သရေနဲ့ ကပ်နိုင်နိုင်ခြေရှိပြီး နှစ်သင်းလုံးတိုက်စစ်စွမ်းရည်၊ အလယ်တန်းနဲ့ နောက်တန်းကနေတက်ပြီး ဂိုးသွင်းနိုင်သူတွေကို ပိုင်ဆိုင်ထားကြလို့ နှစ်သင်းပေါင်း နှစ်ဂိုးနဲ့အထက်(Over 2.5)ဂိုးပေါ်ဖြစ်နိုင်ခြေများပါတယ်။ MPA ရဲ့ ခန့်မှန်းချက်ကတော့ ဆွီဒင် ၂ – ၂ နယ်သာလန် ဒါမှမဟုတ် ဆွီဒင် ၃ – ၂ နယ်သာလန်ဖြစ်နိုင်ပါတယ်။

(၂) ဂျာမနီနဲ့ အိုင်ဗရီကို့စ်(ဇွန် ၂၁၊ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲ)

ချူရာဆောင်းကို ဂိုးပြတ်သိပ်လိုက်တဲ့ ဂျာမနီရဲ့ ခြေစွမ်းက အားရစရာပါ။ ပြိုင်ဘက်ငယ်ပေမဲ့ တစ်ပွဲလုံးကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားတဲ့ ကစားသမားနဲ့ နည်းပြ နာဂျယ်စ်မန်းတို့ကို ချီးကျူးချင်ပါတယ်။ သူတို့ကို စမ်းသပ်မယ့်ပွဲက အခုမှလာမှာပါ။ အာဖရိကအင်အားကြီး အိုင်ဗရီကို့စ်ဖြစ်ပါတယ်။ ပထမပွဲမှာ မန်ယူနိုက်တက်ကစားသမား အာမက်ရဲ့အဖိုးတန်ဂိုးနဲ့ ၃ မှတ်ရယူထားနိုင်ပါတယ်။ အုပ်စု E က ၃ မှတ်ရနှစ်သင်း ထိပ်တိုက်တွေ့ကြမှာပါ။

အခု ကမ္ဘာ့ဖလားဖွင့်ပွဲအပါအဝင် နောက်ဆုံး ၁၀ ပွဲစလုံးကို နာဂျယ်စ်မန်းရဲ့ ဂျာမနီတို့က ပြိုင်ဘက်တွေကို အပြတ်အသတ်ချေမှုန်းထားပါတယ်။ တစ်ဖက်က အိုင်ဗရီကို့စ်ရဲ့မှတ်တမ်းကလည်း လျှော့တွက်လို့တော့မရပါဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားပွဲအပါ နောက်ဆုံး ၅ ပွဲဆက်နိုင်ထားပါတယ်။ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲရှုံး၊ ၁ ပွဲသရေသာကျထားပြီး ၈ ပွဲအထိအနိုင်ယူထားနိုင်ပါတယ်။ ဒါကြောင့် ရလဒ်ပိုင်းအရ အိုင်ဗရီကို့စ်တို့ ဂျာမနီကို ယှဉ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။

ဒါပေမဲ့ ကစားသမားအင်အားသာလွန်သလို ရှေ့/လယ်/နောက် စုဖွဲ့မှုကောင်းပြီး ခြေစွမ်းပိုင်းသာတဲ့ ဥရောပဘီလူးကြီး ဂျာမနီကို ကမ္ဘာ့ဖလားလို အဆင့်မြင့်ဆုံး ပြိုင်ပွဲမှာတော့ မဖြစ်နိုင်ပါဘူး။

ဂျာမနီရဲ့ တိုက်စစ်စုဖွဲ့မှုကို ကြည့်လိုက်ရင် ဂျမဲ မူဆီယယ်လာ၊ ဖလော်ရီယန် ဗက်၊ လီရွိုင်း ဆာနေးနဲ့ ကိုင်ဟာဗက်တို့လို့ သွက်လက်တဲ့ တိုက်စစ်ကစားသမား လေးယောက်တွဲကို တွေ့ရမှာပါ။ ဒီတိုက်စစ်အတွဲဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုတာ နောက်ခံလူတိုင်းလန့်ရတဲ့ ခြေစွမ်းတွေကိုပိုင်ဆိုင်ထားကြတာကြောင့်ပါ။ သူတို့ရဲ့ ပေးပို့မှုနဲ့ ရွေ့လျားမှုတွေက အိုင်ဗရီကို့စ်နောက်တန်းအတွက် ပြင်းထန်တဲ့ ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။

ဒီပွဲက ဂျာမနီတို့ပဲ ပွဲကိုစိုးမိုးပြီး မူဆီယယ်လာရဲ့ လှုပ်အားနဲ့ တိုက်စွမ်းက ဂိုးဘယ်လောက်သွင်းမလဲဆိုတာပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နည်းပြ အီမာ့စ် ဖေအီရဲ့အိုင်ဗရီကို့စ်အသင်းကတော့ ဘွန်ဒက်စ်လီဂါမှာ ကစားနေတဲ့ ယန် ဒိုင်အိုမန်ဒီလို လျင်မြန်တဲ့ တောင်ပံကစားသမားတွေနဲ့ ဂျာမနီအသုံးပြုလေ့ရှိတဲ့ ခံစစ်အမြင့်လိုင်း(High-press)ကို အခွင့်ကောင်းယူပြီး ချောင်းကစားလာနိုင်ပါတယ်။

ဒီပွဲမှာ ဂျာမနီရဲ့နိုင်ခြေကို လောင်းကစားဒိုင်တွေက -185 အထိ အလေးပေးထားပြီး ဒုတိယမြောက်နိုင်ပွဲကို ဆောင်ကျဉ်းသွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ နှစ်သင်းပေါင်းဂိုးပေါ်(Over 2.5)ဖြစ်နိုင်ခြေကိုလည်း အများအပြား အလေးပေးထားကြပါတယ်။

MPA ကလည်း ဒီပွဲစဉ်မှာ ဂျာမနီက အိုင်ဗရီကို့စ်ကို နှစ်ဂိုးနဲ့အထက် ဂိုးပြတ်အနိုင်ရပြီး ၃၂ သင်းအဆင့်ကို သက်တောင့်သက်သာတက်လှမ်းသွားနိုင်မယ်လို့ ခန့်မှန်းထားချင်ပါတယ်။ ဂျာမနီ ၃ – ၁ အိုင်ဗရီကို့စ် ဒါမှမဟုတ် ဂျာမနီ ၄ – ၁ အိုင်ဗရီကို့စ်လို့ မှန်းဆလိုက်ချင်ပါတယ်။

(၃) အီကွေဒေါနဲ့ ချူရာဆောင်း(ဇွန် ၂၁၊ မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲ)

ကမ္ဘာ့ဖလားပွဲကို နိုင်ငံသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဝင်ပြိုင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ချူရာဆောင်းအသင်းဟာ ဒီအုပ်စုအတွက် အိမ်ဖြည့်အသင်းသာသာပဲလို့ ကြိုတင်ခန့်မှန်းချက်တွေ ရှိထားပြီးဖြစ်ပါတယ်။ ဂျာမနီကို ယှဉ်ကန်ရင်း နောက်ဆုံးမှာ ဂိုးပြတ်အရှုံးပေးခဲ့ရသလို တောင်အမေရိကက ခြေစွမ်းမာတဲ့ အီကွေဒေါကိုလည်း ယှဉ်ကန်ရင်း ဂိုးအရမ်းမပြတ်ရင်တောင် အရှုံးပေးသွားရမှာပဲဖြစ်ပါတယ်။ အီကွေဒေါဟာ အိုင်ဗရီကို့စ်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့သလို ဂိုးရနိုင်လောက်တဲ့အထိ ကစားနိုင်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။ ဒီအရှုံးကို ဒီပွဲမှာ ချေဖျက်ပြီး ပရိသတ်တွေက အားရသွားစေပါလိမ့်မယ်။ ဒီပွဲက အီကွေဒေါ ၂ – ၀ ချူရာဆောင်းလို့ ခန့်မှန်းထားချင်ပါတယ်။

ဒီပွဲအတွက် ဘွတ်ကီဒိုင်တွေက အီကွေဒေါကို -1000 အထိ အမြင့်ဆုံးနိုင်ချေကို ပေးထားပါတယ်။ ဂိုးပေါင်းကတော့ Under 3.5 နှစ်သင်းပေါင်း လေးဂိုးအောက်ပဲရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

(၄) တူနီးရှားနဲ့ ဂျပန်(ဇွန် ၂၁၊ မြန်မာစံတော်ချိန် မနက် ၁၀ နာရီခွဲ)

ဇွန် ၂၁ ရက်နေ့အတွက် ပွဲကောင်းတစ်ပွဲ၊ အာရှပရိသတ်တွေရဲ့အသည်းကျော် ဂျပန်တို့ အမှတ်စုဆောင်းဖို့ မဖြစ်မနေလိုအပ်နေတဲ့ပွဲမျိုးလို့ဆိုချင်ပါတယ်။ ဒီပွဲပြီးရင် နောက်လာမယ့်ပွဲက ဆွီဒင်လို အသင်းကောင်းဖြစ်နေတာကြောင့်ပါ။ ဒီလိုပြောလိုက်လို့ တူနီးရှားခြေစွမ်းနိမ့်နေတာမျိုးမဟုတ်ပါဘူး။ ဆွီဒင်ကို သူတင်ကိုယ်တင်ကစားရင်း အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ အသင်းမှာ ဟန်နီဘယ်နဲ့ တူနက်တီတို့လို လူငယ်ခြေတက်ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။
တစ်ဖက်က အာရှအင်အားကြီး ဂျပန်အသင်းမှာတော့ အားရစရာလူစရင်းနဲ့အတူ ကမ္ဘာ့ဖလားဆုနဲ့ အလွန်နီးနီးစပ်စပ်ရှိခဲ့ဖူးတဲ့ နယ်သာလန်ကို အကြိတ်အနယ်ယှဉ်ပြိုင်ရင်း သရေ ၁ မှတ်ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်တို့ ဒီပွဲကို အနိုင် ၃ မှတ်ရဖို့ အာရုံစူးစိုက်မှုရှိပြီး သူတို့ရဲ့ မြန်နှုန်းမြင့်ကစားကွက်နဲအတူ တူနီးရှားတို့ကို အလဲထိုးမှာဖြစ်ပါတယ်။
သမိုင်းကြောင်းအရလည်း ၄ ကြိမ်တွေ့ဆုံဖူးရာမှာ ဂျပန် ၃ ကြိမ် ဂိုးပြတ်သိပ်ထားပြီး တူနီးရှားက တစ်ကြိမ်အနိုင်ပြန်ယူထားပါတယ်။

ဘွတ်ကီတွေကတော့ ဂျပန်အနိုင်ကို ၂ လေး ၁ လေးဖြစ်တဲ့ (-200) အထိပေးထားပါတယ်။ တူနီးရှားနိုင်ခြေကတော့ +600 ကို လျှော့ချသတ်မှတ်ထားပါတယ်။ သရေဖြစ်နိုင်ချေကတော့ +310 လို့ ခန့်မှန်းထားကြပါတယ်။ ဂိုးပေါင်းအနေနဲ့တော့ Over 2.5 နှစ်သင်းပေါင်း ၃ ဂိုးနဲ့အထက်ကို အလေးပေးထားကြပါတယ်။

MPA အနေနဲ့တော့ သမိုင်းကြောင်းအရလည်းသာ၊ လက်ရှိခြေစွမ်းပိုင်း၊ ကစားသမားပိုင်းအရလည်းသာတဲ့ ဂျပန်ကပဲ ဒီပွဲကို စိုးမိုးပြီး အနိုင်ဆိုတဲ့ရလဒ်ကို ယူသွားနိုင်ပါတယ်။ ဂိုးရလဒ်ကတော့ ဂျပန် ၂ – ၁ တူနီးရှား ဒါမှမဟုတ် ၃ – ၁ တူနီးရှားလို့ ခန့်မှန်းလိုက်ချင်ပါတယ်။