အောင်လံတွင် ဗိုလ်ကြီးတစ်ဦး မောင်းလာသော ကားကို PDF မိုင်းဆွဲ

ဓာတ်ပုံ-လူမှုကွန်ရက်

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ရွှေပန်းတောတိုက်နယ်အတွင်း ဗိုလ်ကြီးတစ်ဦး မောင်းနှင်လာသော ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့(ဇူလိုင်၂၈ရက်)နံနက် ၁၀နာရီကျော်တွင် ဗိုလ်ကြီးထက်လင်းနိုင် မောင်းပြီး စစ်သား၈ဦး လိုက် ပါလာသော Double Cabကားကို ရွှေပန်းတောကျေးရွာ နတ်မောက်ဂိတ်နှင့် သံတံတားကြား၌ သ တင်းအရ ကြိုတင်စောင့်ဆိုင်း မိုင်းဆွဲခဲ့ကြောင်း သရက်ခရိုင်အမှတ်၂တပ်ရင်းက သတင်းထုတ်ပြန် သည်။

“ကားက ရပ်သွားတာပါ။အဲအချိန်မှာ ဝင်ပစ်ပါတယ်။ကားကတော့ မီးခိုးတလူလူနဲ့ ပျက်သွားပါတယ်။ သွားလုပ်တာက အဖျက်အမှောင့် ဆိုတော့ အင်အားက ၄ ဦး Fire team ပါပဲ။မိုင်းဆွဲမယ်၊ပစ်မယ်၊ ရရင် ပစ္စည်းကောက်၊ မရရင် ပြန် ဒီလောက်ပါပဲ”ဟု သရက်ခရိုင်အမှတ်၂တပ်ရင်းမှ သတင်းတပ် ကြပ် ရဲဘော်မောင်ကြီးက MPAသို့ပြောသည်။

ယင်းကားသည် ရွှေပန်းတော နထားဂိတ်မှ နတ်မောက်ဂိတ်သို့ သွားနေစဉ် မိုင်းဆွဲခံရခြင်းဖြစ် ပြီး ဒဏ်ရာရသူကို ရွှေပန်းတောကျေးရွာသားတစ်ဦးပိုင် ကားတစ်စီးဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“မိုင်းထိတဲ့ကားက နတ်မောက်ဂိတ်နားဆိုတော့ သူတို့ပြန်သယ်၊မသယ် အဲနားက မြေပြင်သတင်းမ ရဘူး။ပြီးတော့ သူတို့က တိုက်ပွဲဖြစ်ပြီး တစ်နာရီလောက်မှာ အဲနားကအိမ်တွေ တစ်အိမ်ဆင်းတက် ဝင်စစ်နေတော့ မြေပြင်သတင်း ခက်ခဲသွားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို သရက်ခရိုင်အမှတ်၂တပ်ရင်း၊ ALPHA နှင့် CHARLE ပူးပေါင်း Fire team က ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

စစ်သားတစ်ဦး ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။