အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်က စတင်ကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကို ထောက်ခံအားပေးနေတဲ့ နိုင်ငံတွေကို အမျိုးသားညီညွှတ်ရေးအစိုးရက သတိပေးစကားပြောကြားလိုက်ပါတယ်။
စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ်နိုင်ငံတွေအပါအဝင် နိုင်ငံတချို့က အသိအမှတ်ပြုထောက်ခံအားပေးတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီနိုင်ငံခရီးစဉ်တွေအတွင်း ပြောကြားထားပါတယ်။
