ရန်ကုန်တိုင်း မြို့နယ်တချို့က စစ်ကော်မရှင်ခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေတောင်းမှုတွေ လုပ်ဆောင်မှု ပြန်လည်များပြားနေတယ်လို့ သတင်းရရှိပါတယ်။
သာကေတ၊ တာမွေ၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဒဂုံလေးမြို့နယ်တို့မှာ ဧည့်စာရင်းတိုင်ပြီးနေထိုင်နေရသူတွေကို ပစ်မှတ်ထားပြီး အုပ်ကြီးတွေက လုပ်ဆောင်နေတာလို့ သိရပါတယ်။
အိမ်ငှားတွေကို တံဆိပ်တုံးထုခဆိုပြီး ငွေကြေးကောက်ခံနေတဲ့အပြင် မပေးရင် ဖမ်းဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်အကျပ်ကိုင်တဲ့ပြောဆိုမှုတွေလည်း ခံနေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရတာပါ။
