SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါအနောက်ပိုင်းရှိ မြန်မာမိသားစုနှင့် တွေ့ဆုံ

ဓာတ်ပုံ- SCEF

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံအနောက်ပိုင်းရှိ ဗန်ကူးဗားမြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဇွန်လ၆ရက်တွင် ဗန်ကူးဗားမြို့၌ လူထုတွေ့ဆုံပွဲ ကျင်ပခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့က SCEF ၏ လုပ်ငန်းစဉ်များ၊ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ပြည်သူများ၏ စိုးရိမ်ပူပန်မှု များနှင့် အကြံပြုချက်များကို နားထောင်ခဲ့ကြောင်း SCEF က ယနေ့(ဇွန်၈ ရက်)ညနေပိုင်း၌ သတင်း ထုတ်ပြန်သည်။

SCEF ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံအရှေ့ပိုင်း၌ လူထုတွေ့ဆုံပွဲ ၂ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ် သည်။

SCEF ကိုယ်စားလှယ်အဖွဲ့တွင် SCEF အတွင်းရေးမှူးအဖွဲ့ဝင် NUGအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များဖြစ်ကြသည့် ကရင်နီပြည်ကြားကာလအုပ်ချုပ် ရေးကောင်စီမှ နဲနယ်ပလို နှင့် ကရင်အမျိုးသားအစည်းအရုံးမှ စောနီးမရော့ဒ်တို့ ပါဝင်သည်။