ရေစကြိုမြို့တွင်းသို့ ဝင်ကာ အုပ်ချုပ်ရေးမှူးသားအဖကို ဝင်ရောက်ပစ်ခတ်သတ်ခဲ့သော ပကဖရဲ ဘော်များအား စစ်အုပ်စု ထွက်မလိုက်ရဲကြကြောင်း သိရသည်။
ဇွန်လ၈ရက် ညအချိန်တွင် မကွေးတိုင်း၊ရေစကြိုမြို့၊အမှတ်၄ရပ်ကွက် အုပ်ချုပ်ရေးမှူး လွင်မျိုး အောင် (ခ)ငလွင်နှင့် သားဖြစ်သူ ပျူစောထီး ရဲမာန်တို့ကို ပကဖရဲဘော်များက ၎င်းတို့နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ က ယနေ့(ဇွန်၉ရက်)သတင်းထုတ်ပြန်သည်။
“သားအဖ၂ယောက်စလုံးကို ဒါနဲ့လုပ်စားနေတာ။စခတွေအကြိုက် အကုန်လုပ်ပေးတယ်။နွမ်းပါးတဲ့ သူတွေကို ခြိမ်းခြောက်ပြီး ပျူလုပ်ခိုင်းတယ်။ပေါ်တာလည်း ဆွဲပေးတယ်။အုပ်ကြီးငလွင်လည်း ပိုက် ဆံရတာပေါ့။သူ့သားကလည်း သေနတ်လေးကိုင်ပြီး မြောက်ကြွမြောက်ကြွပေါ့”ဟု ရေစကြိုမြို့ သတင်းရင်းမြစ်က MPAသို့ပြောသည်။
ရေစကြိုမြို့ပေါ်ရှိ စစ်အုပ်စုဝင်တို့မှာ သေနတ်သံကြားသော်လည်း အပစ်ခံရမည်စိုးသဖြင့် မည်သူမျှ ထွက်မလိုက်ရဲကြကြောင်း သိရသည်။
“နေ့ခင်းဘက်တောင် စခတွေ သူတို့စခန်းနားဝန်းကျင်သွားတာတောင် မျက်စိရှင်ရှင်ထားနေရတာ လေ။ညဘက်ဆို ဘယ်သူမှ အသေခံပြီး မထွက်ကြဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီနှင့်တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ပေါင်းသင်းဆက်ဆံထောက်ပံ့အားပေးသည့် မည်သူ့ကိုမဆို ထိရောက်စွာ အပြစ်ပေးအရေးယူသွား မည်ဖြစ်ကြောင်းလည်း ရေစကြိုမြို့နယ်ပကဖက ထုတ်ပြန်ထားသည်။
