26 Jun 2026 By MPA
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်(ဗိုလ်စွမ်း)၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူက အစည်းအဝေးတစ်ခုအတွင်း တပ်ရင်း (၆) တပ်ရင်းမှူး ဖြစ်သူ ပုလဲမောင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်သည် ယနေ့ ဇွန်လ ၂၆ ရက် မွန်းလွဲ ၂နာရီခန့်တွင် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်မြစ်က MPA သို့ပြောသည်။
“ဒီနေ့အစည်းအဝေးမှာ ပုလဲမြို့နယ်က ရင်းတွေအကုန်ခေါ်တဲ့အချိန်မှာ စကားပြောနေတဲ့အချိန်မှာ အဲ့ဒီကလေး(ပုလဲမောင်ကို သတ်ခဲ့တဲ့သူ)က ပုလဲမောင်ကို သေနတ်နဲ့ပစ်လိုက်တာပေါ့။”ဟု ဖြစ်စဉ်သိရှိသည့် မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးနှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၆ တို့သည် NUG လက်အောက်ခံ အဖွဲ့အစည်းများဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ NUG မှ တစ်စုံတစ်ရာ ထုတ်ပြန်ချင်းမရှိသေးပေ။
