By MPA
၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း နေပြည်တော်တိုင်းစစ်ဌာန၏ စစ်ဆင်ရေးများကြောင့် စစ်တပ်အရာရှိ ၄ဦး အပါအဝင် စစ်သား၄၀ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်တစ်လတာတိုက်ပွဲများအတွင်း သေနတ်၁၈လက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ ကြောင်းလည်း နေပြည်တော်တိုင်းစစ်ဌာနက ယနေ့(ဇူလိုင်၂ရက်)ညနေပိုင်း၌ သတင်းထုတ်ပြန် သည်။
ဇွန်လအတွင်းစစ်ဆင်ရေးများကို နေပြည်တော်တိုင်းစစ်ဌာန၏ စစ်ဆင်ရေးနယ်မြေများဖြစ်သော ပဲခူးတိုင်း၊ ဆွာ၊ ရေတာရှည်မြို့နယ်အတွင်းရှိ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းစစ်ဂွင်နှင့် မကွေးတိုင်း၊ အောင်လံ၊ တောင်တွင်းကြီးနှင့်နတ်မောက်မြို့နယ်အတွင်းရှိ အလယ်ရိုးမစစ်ဂွင်များ၌ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းနှင့် ကျွန်းကုန်းကျေးရွာ အစပ်၌ တပ်စွဲထားသော စစ်တပ်ကို နေပြည် တော်တိုင်း စစ်ဌာန တပ်ရင်းများ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က အကျအဆုံးများသော ကြောင့် ဒရုန်း၊ လက်နက်ကြီး၊ တင့်ကား၊ Y 12၊ MI 35 နှင့် ဂျက်ဖိုက်တာများ သုံး၍ ပြန်လည်တိုက် ခိုက်ခဲ့ကြောင်း ထို့နောက်ဇွန်လ ၂၄ ရက်တွင် ဒုတိယအကြိမ် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က ထိခိုက် သေဆုံး များသောကြောင့် ပိတောက်ကုန်း ကျေးရွာမှ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ ဘက်မှ ထွက်ခွာလာ သည့် ဗိုလ်ကြီးအဆင့်ပါ ၄ဦး စီးနင်းလာသော ကားတစ်စီးကို ရန်ကုန်_ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်-ဆတ်သွား လမ်းပိုင်းတစ်နေရာ၌ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇) လက် အောက်ရှိ ရိုးမဖိုက်တာစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ကြား ဖြတ် တိုက်ခိုက် ခဲ့ သည်။
ဇွန်လ ၁၅ ရက်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းကုန်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းများ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဒရုန်းနှင့် လက်နက်ကြီးများ ပစ်ကူရယူကာ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း သေဆုံး ထိခိုက် များသောကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်သည်။
ဇွန်လ ၅ ရက်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်း ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်သားအင်အား ၁၀၀ခန့်ကို နေပြည်တော်တိုင်း စစ်ဌာန တပ်ရင်းများ ပူးပေါင်း၍ ခုခံစစ် ဆင်နွှဲခဲ့ရာစစ်သားများ သေဆုံး၊ထိခိုက်များသဖြင့် လေကြောင်းနှင့်လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခဲ့ကြောင်း သိရသည်။
ဇွန်လ ၄ ရက်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကွင်းကြီးကျေးရွာ အနီးတွင် စစ် စိုင်ကောင်းရဲစခန်းမှူးလိုက်ပါလာသော ယာဉ်တန်းကို နေပြည်တော်တိုင်း စစ်ဌာန PDF တပ်ရင်းများ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
ဇွန်လ ၃ရက်တွင် နေပြည်တော်တိုင်းစစ်ဌာန၊PDF တပ်ရင်းများ နှင့် နေပြည်တော်ပကဖတို့ပူးပေါင်း ၍ ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်သား အင်အား၆၀ခန့် တပ်စွဲထားသော ဆွာမကြီး(ဆွာရွာမ) ကျေးရွာစခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
