ဒလန်၏ သတင်းပေးမှုကြောင့် အင်းလေး PDF ရဲဘော်၂ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း သိရသည်။
အင်းလေးဒေသအခြေစိုက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)အမှတ် (၁၀၀၉) တပ်ရင်း မှ ရဲဘော်အယ်ကောင် (ခ)ကျော်မျိုးလင်း နှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ အင်းလေး၊ရွာမရွာ ထဲသို့ ယနေ့(ဇွန်၈ရက်)ရောက်ရှိနေစဉ် စစ်တပ်က ဝင်ဖမ်းသွားခြင်းဖြစ်ကြောင်း အင်းလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယခု ဖမ်းဆီးမှုသည် ရွာမကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း စစ်တပ်သတင်းပေး သားကြီး(ခ)အောင် နိုင်ဦး၏ တိကျသော သတင်းပေးတိုင်ကြားမှုကြောင့် ဖြစ်ပြီး ကွင်းဆက်လိုက်လံဖမ်းဆီးရန် အပြင်းအ ထန်ကြိုးစားနေသဖြင့် ဖမ်းဆီးခံရဲဘော်များနှင့် ဆက်နွှယ်သူများအားလုံး စစ်အုပ်စု လက်လှမ်းမမီ သည့် ဘေးလွတ်ရာသို့ အရေးပေါ်ချက်ချင်းရှောင်တိမ်းကြရန် အင်းလေးPDFက သတိပေးသည်။
“ဒီရွာမှာ ဒီဒလန်ရှိလျက်နဲ့ ဘာ့ကြောင့်သွားတာလဲဆိုတာတော့ မသိရသေးဘူး။အခုလောလောဆယ် ကတော့ ဆက်စပ်နေတဲ့သူတွေ အဖမ်းမခံရရေးအတွက် တပ်ရင်းက လိုက်လုပ်နေတယ်လို့ ကြား တယ်။ပြီးရင်တော့ ဒလန်တွေကိစ္စ ဆက်ရှင်းစေချင်တယ်”ဟု အင်းလေးPDFရဲဘော်များနှင့် နီးစပ်သူ တစ်ဦးက MPAသို့ပြောသည်။
စစ်တပ်သတင်းပေးများကို ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမည်ဟုလည်း အင်းလေးPDFက ထုတ်ပြန်ထားသည်။
