မြစ်ခြေရဲစခန်းကို ယနေ့နံနက်ပိုင်းတွင် PDF တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၂ဦး သေဆုံးပြီး ၁၄ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊မြစ်ခြေမြို့ ရဲစခန်းကို ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၄ နာရီတွင် မကွေးတိုင်းစစ် ဌာနကွပ် ကဲမှုအောက်ရှိ ၊ ပခုက္ကူခရိုင် စစ်ဌာန၏ ဦးဆောင်ကွပ်ကဲမှုဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခန့်၌ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF စစ်ရုံးချုပ် က သတင်းထုတ်ပြန် သည်။
ယင်းတိုက်ပွဲအတွင်း G-3 ၁၈လက်၊ 79 တစ်လက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀မမ ကွန်မန်ဒိုစိန် ပြောင်း တစ်လက်၊ G-3 ကျည်ဘောက် ၂၇ဘောက်၊ လက်လုပ် လေသေနတ် တစ်လက်၊ ကျည်ကာ ဦးထုပ် ၇လုံးနှင့် G-3 ကျည် ၁၉၀၈တောင့် သိမ်းဆည်းရရှိခဲ့သည် ။
စစ်တပ်သည် မေလ ၁၀ ရက်မှ ဇွန်လ ၂ ရက်အထိ မြစ်ခြေမြို့ရှိ ပြည်သူပိုင် နေအိမ်အဆောက် အဦးပေါင်း ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂၄ဦးအား ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ ကြောင်း PDFစစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။
ဖမ်းဆီးမိသောစစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိပြီး စစ်ရာဇ ဝတ်မှု ကျူးလွန်သူများအား စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်၍ စစ်တရားရုံး တင်ကာ အရေးယူသွားမည် ဖြစ်သည်။
