လက်အောက်ငယ်သားများကို ထားပြေးသွားသည့် ကုက္ကိုလ်စုပျူခေါင်းဆောင်နှင့်အဖွဲ့အား ဖမ်းမမိ သေး

ဓာတ်ပုံ- အညာမြေတပ်ပေါင်းစု
ဇွန်၅ရက်က ဖမ်းဆီးမိသူများ။

လက်အောက်ငယ်သားများကို ထားခဲ့ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားသည့် ပေါက်မြို့နယ်၊ကု က္ကိုလ်စုပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့အား ဖမ်းမမိသေးကြောင်း သိရသည်။

မကွေးတိုင်း၊ပေါက်မြို့နယ်အတွင်း ပျူစောထီးအင်အားရာချီရှိပြီး ပေါက်ကိုယ်တော် အာရိယာဝံသ အားအထားရဆုံးသော ကုက္ကိုလ်စုပျူရွာကို ဇွန်လ၄ရက်တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ ပြီးနောက် ၎င်းပျူရွာအတွင်းမှ ပျူစောထီး၊ပျူစောမများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် အညံ့မခံ ဘဲ လက်နက်အပြည့်အစုံဖြင့် မြိုင်စက်မှု၂သို့ တိတ်တဆိတ်ထွက်ပြေးခဲ့ကြရာ ဇွန်လ၅ရက်ညက ပေါက်နယ်တောတွင်း တစ်နေရာ၌ အယောက်၇၀ကျော်အား ဖမ်းဆီးမိသော်လည်း ကုက္ကိုလ်စုပျူ ခေါင်း ဆောင်နှင့် စစ်သား ၅ဦးတို့ လွတ်မြောက်သွားခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက သတင်း ထုတ်ပြန် ထားသည်။

“မမိသေးပါ။စစ်ရေး ခုတော့ ငြိမ်နေပါတယ်”ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇွန်၁၁ရက်)နံနက်ပိုင်းတွင် MPAသို့ ပြောသည်။

ယင်းထွက်ပြေးမှုကို ဦးဆောင်သူ ကုက္ကိုလ်စုပျူခေါင်းဆောင်နှင့် စစ်သား၅ဦးတို့သည် နယ်မြေ ကျွမ်း ကျင်မှု ရှိသူများဖြစ်ကြောင်း သိရသည်။

“နယ်မြေကျွမ်းတာက ပျူခေါင်းဆောင်ဆိုတဲ့ကောင်က ကျွမ်းတာ။တပ်ဖွဲ့တွေ တောနင်းရှာပေမဲ့ အခု ထိ မမိသေးတော့ လွတ်သွားပြီလို့ ထင်တယ်။ဒါပေမဲ့၊အခုအချိန်ထိတော့ ဒီကောင်တွေ မြိုင်စက်မှု၂ ရောက်ပြီဆိုတဲ့သတင်းလည်း မကြားရသေးဘူး”ဟု ဒေသတွင်း PDFသတင်းရင်းမြစ်က ဆိုသည်။

ကုက္ကိုလ်စုပျူရွာကို ဇွန်လ၄ရက်တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအထိ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှု မရှိသေးဘဲ ငြိမ်သက်နေဆဲဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမိသူများကို ဂျီနီဗာကွန်ဗန်းရှင်းဥပဒေများအရ စစ်သုံ့ပန်းများအဖြစ် သတ်မှတ်ကာ ဘေးကင်း စွာစောင့်ရှောက်ထားကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။