ဖမ်းဆီးမိထားသော ဆေးတပ် ဗိုလ်ကြီးကို မကွေးတိုင်းစစ်ဌာနထံသို့ လွှဲပြောင်းပေးအပ်လိုက် ကြောင်း ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မကွေးတိုင်း၊ချောက်-ဆိပ်ဖြူလမ်းပိုင်းပေါ်တွင် ရှောင်တခင်စစ်ဆေးနေသည့် မတ်လတစ်ရက်၊မွန်း လွဲ ၃နာရီခန့်က အိမ်စီးကားဖြင့်လာသော မိတ္ထီလာစစ်ဆေးရုံမှ ဗိုလ်ကြီးဘိုဘိုကို အရပ်ဝတ်ဖြင့် တွေ့ရှိ ခဲ့ပြီး ၎င်း၏ ဖုန်းအား စစ်ဆေးရာမှ ဗိုလ်ကြီးမှန်းသိ၍ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းကို ဇွန်လ၈ရက်တွင် မကွေးတိုင်းစစ်ဌာနသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။
“အဲဒီဗိုလ်က အရပ်ဝတ်နဲ့။သူ့ဖုန်းကနေ ကိုယ်ရေးအချက်အလက်တွေ ရတာဗျ”ဟု ဧရာဒေါင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှိန်းက MPAသို့ ပြောသည်။
၎င်းကို ဖမ်းဆီးစဉ် အိမ်စီးကားတစ်စီး၊ဖုန်းနှစ်လုံး၊လက်စွပ်တစ်ကွင်း၊နာရီတစ်လုံးနှင့် ငွေကျပ်၂သိန်းခွဲ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“သူနဲ့အတူ ကားသမားတစ်ဦးလည်းပါတယ်ဗျ။ ကားသမားက စကစနဲ့ပေါင်းပြီး လုပ်စားနေတာ ကြပြီဗျ။ ကားသမားနာမည်က ထက်မြတ်ဦး၊ သူတို့က မိတ္ထီလာကနေ ချောက်ကို Withoutကားပို့ ရတာ ပို့ခ ၅သိန်းရတယ်လို့ပြောတယ်ဗျ”ဟု ရဲဘော်ရှိန်းက ဆက်လက်ပြောသည်။
ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပခုက္ကူခရိုင်အခြေစိုက် LPDF တပ်ဖွဲ့ဖြစ်သည်။
