By MPA
မြန်မာ့ငြိမ်းချမ်းရေးသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသရွေ့ ရှေ့သို့ ရောက်မည်မဟုတ် ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop)က ပြောသည်။
ဇွန်လ၁၉ရက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးတွင် ၎င်းက အ ထက်ပါအတိုင်းပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်လည်း တောင်း ဆိုလိုက်သည်။
“ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးအတွက် အတူတောင်းဆိုပေးကြဖို့ ကျမ တိုက်တွန်းပါတယ်”ဟု ၎င်းက ပြောသည်။
၎င်း၏ နေပြည်တော်ခရီးစဉ်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အခြေအနေနှင့်ပတ်သက်ပြီး အကြိမ် ကြိမ်မေးမြန်းခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး လွတ်လပ်စွာ အတည်ပြုထား သည့်အစီရင်ခံစာ မရှိသေးကြောင်းလည်း ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အခြေအနေမှာ တဖြည်းဖြည်းဆိုးရွားလာကြောင်း နှင့် တိုက်ပွဲများ ရပ်ရန်၊ တွေ့ဆုံဆွေးနွေးရန်နှင့် အရပ်သားများကို အကာအကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းခဲ့သော်လည်း အခြေအနေ တိုးတက်မှုမရှိကြောင်း ဂျူလီ ဘစ်ရှော့ က ပြောသည်။
ဓာတ်ပုံ-All In One Piece Movement
