By MPA
အာဆီယံအနေနှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်ပြီး စစ်အုပ်စုကို တရားဝင်မှု ပေးရမည်မဟုတ်ကြောင်း Justice For Myanmar က ထုတ်ပြန်လိုက်သည်။
ဇူလိုင်၁၂ရက်နေ့၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် တရားမဝင်စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောတွေ့ဆုံမှုသည် စစ်အုပ်စုအား ၎င်းတို့ကျူး လွန်ခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရမှု လွတ်ကင်းစွာဖြင့် ဆက်လက်ကျူးလွန်နိုင်ရန် ရဲဆေးတင် အားပေးရာရောက်မည်သာ ဖြစ်ကြောင်း JFM က ဆိုသည်။
မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံရမည့် ရာဇဝတ်ကောင်များသာဖြစ်ပြီး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ နေရာတစ်နေရာပေး၍ ချီးမြှောက်ခံရမည့်သူများ မဟုတ်ကြောင်းလည်း ထုတ်ပြန်သည်။
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို ချမှတ်ခဲ့သည်မှာ ၅နှစ်ကျော်ကြာမြင့် သည့် တိုင် အာဆီယံသည် ၎င်း၏ကိုယ်ပိုင် ကတိကဝတ်များကို ကိုယ်တိုင် ပြန်လည်ချိုးဖောက်နေဆဲ ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို လုံးဝမထီမဲ့မြင် ပြုကာ မြန်မာပြည်သူများအပေါ် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်းလည်း JFM က ထုတ်ပြန်သည်။
