နောက်ဆုံးမျိုးဆက် ရုရှားတိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မော်စမြို့အနီးတွင် ပျက်ကျ

ရုရှားမီဒီယာ Astra၏ ဖော်ပြချက်အရ မော်စကိုဒေသ ၊ ဇဗင်ဂိုရော့ဒ်မြို့အနီးတွင် ရုရှားစစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး မူလသတင်းပေးပို့ချက်များအရ ယင်းလေယာဉ်မှာ ရုရှား၏ တစ်ခုတည်းသော ပဉ္စမမျိုးဆက် တိုက်လေယာဉ် Su-57 ဖြစ်ကြောင်း သိရသည်။

လေယာဉ်မပျက်ကျမီ လေယာဉ်မှူးများမှာ အရေးပေါ်ထွက်ပေါက်ဖြင့် အသက်ရှင်လွတ်မြောက်ခဲ့ကြပြီး လေယာဉ်အမျိုးအစား၊ အဖွဲ့သားများ၏ အခြေအနေနှင့် ပျက်ကျရသည့် အကြောင်းရင်းကိုမူ တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

အကယ်၍ Su-57 အဖြစ် အတည်ပြုနိုင်ပါက ယင်းဆုံးရှုံးမှုသည် ရုရှား၏ တိုက်ခိုက်ရေး လေကြောင်းတပ်ဖွဲ့အတွက် ကြီးမားသော ထိခိုက်မှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မော်စကိုဘက်က ၎င်းကို အဆင့်အမြင့်ဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ပြုလုပ်ခဲ့သော်လည်း အကန့်အသတ်ဖြင့်သာ တပ်တော်ဝင်ထားနိုင်ခဲ့သည်။

အဆိုပါ Su-57 တိုက်လေယာဉ်မှာ ၂၀၀၁ ခုနှစ်က စတင်ခဲ့သော ရုရှား၏ PAK-FA အစီအစဉ်မှ ပေါ်ထွက်လာခြင်းဖြစ်ပြီး ဆူခွိုင်းကုမ္ပဏီက ၂၀၁၄ ခုနှစ်တွင် ပုံစံတူ မော်ဒယ်လ်ကို ထုတ်ဖော်ပြသခဲ့ကာ ပထမဆုံး ရှေ့ပြေးလေယာဉ်မှာ ၂၀၁၀ ပြည့်နှစ်တွင် ပျံသန်းနိုင်ခဲ့သည်။

စမ်းသပ်မှုများအတွက် ရှေ့ပြေးလေယာဉ် ၁၀ စင်း ထုတ်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Su-57 ဟု အမည်သတ်မှတ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် အလုံးအရင်းဖြင့် ထုတ်လုပ်မည်ဟူသော ကြေညာချက်များရှိသော်လည်း တပ်တော်ဝင်မည့် လမ်းကြောင်းမှာ အကြိမ်ကြိမ် ကြန့်ကြာခဲ့ကာ ပထမဆုံး တပ်တော်ဝင်လေယာဉ်ကို ၂၀၁၀ ပြည့်နှစ် မေဒင်ပျံသန်းမှုအပြီး ဆယ်စုနှစ်တစ်ခုအကြာ ၂၀၂၀ ပြည့်နှစ်တွင်မှ လက်ခံရရှိခဲ့သည်။

ပြည်တွင်းသုံး Su-57 တစ်စင်း၏ တန်ဖိုးမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၃၅ သန်းမှ သန်း ၅၀ ကြား ရှိပြီး ပြည်ပတင်ပို့သည့် ဗားရှင်းများနှင့် ထောက်ပံ့ရေး ပက်ကေ့ခ်ျများမှာ ကုန်ကျစရိတ် ပိုမိုကြီးမားနိုင်ကာ လက်ရှိတွင် ပျက်ကျရသည့် အခြေအနေများကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

Categories: အခြား