ချောင်းဦးတွင် သီတင်းကျွတ်မီးထွန်းပွဲ ပြုလုပ်နေ ခြင်း မဟုတ်ဘဲ ရွေးကောက်ပွဲ ဆန့်ကျင်ရေး သပိတ် ပြုလုပ်နေဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ တွင် ပျံ့နှံ့လျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က အောက် တိုဘာ ၇ ရက် ညနေ ၄ နာရီ ၂၇ မိနစ်တွင် ချောင်း ဦးမြို့ အနောက်ဘက် ဘုံတိုရွာ ဖြစ်စဉ်မှာ သီတင်းကျွတ်မီးထွန်းပွဲပြုလုပ်နေခြင်း မဟုတ် ကြောင်း၊ ဆီမီးသပိတ် ပြလုပ်နေခြင်းလည်း မဟုတ်ကြောင်း၊ ချောင်းဦးမြို့နယ် ရွာအချို့က PDF များ စုပေါင်း၍ ရွေးကောက်ပွဲဆန့်ကျင်ရေး သပိတ် ပြလုပ်နေခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ များမှာ PDF တပ်သားများ၊ တာဝန်ခံနှင့် ဗျူဟာ မှူးများလည်း ပါကြောင်း၊ သေဆုံးကလေး များမှာ လည်း PDF မိသားစုဝင်များသာ ဖြစ်ကြောင်း PDF ၄၀ ကျော် သေဆုံးကြောင်း ရေးသားဖြန့်ဝေ ထားသည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၈ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၅,၀၀၀ ကျော်၊ Reaction ပေးသူ ၁၀၀ ကျော်ရှိ ခဲ့ပြီး “Truth Media, Snow Queen” အပါအဝင် အခြား စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ် များက ကူးယူဖော်ပြ ခဲ့သဖြင့် ပျံ့နှံ့မှု များေန သည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/LGNgO
Truth Media – https://archive.ph/l1Kb1
Snow Queen – https://archive.ph/qcoeN
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ချောင်းဦးမြို့ လေကြောင်းဗုံးကြဲခံရမှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, People’s Spring, Mandalay Free Press” အပြင် အခြား သတင်းမီဒီယာများက ဖော်ပြထားသည်။
“Myanmar Now” တွင် အောက်တိုဘာ ၆ ရက် သီတင်းကျွန်လပြည့်နေ့ ညက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာတွင် သီတင်းကျွတ်ဆီမီးပူဇော်ပွဲနှင့် ဆီးမီးသပိတ် ပြုလုပ်နေသည့် နေရာကို စစ်တပ်က အင်ဂျင်တပ်လေထီးများဖြင့် ဗုံးကြဲချမှုကြောင့် ကလေးများ၊ အရပ်သား များနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှစ်ဒါဇင်နီးပါး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/1q3K1
“People’s Spring” တွင် အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီကျော်အချိန်တွင် မုံရွာ-ချောင်းဦး အစပ် ချောင်းဦးမြို့နယ်က ဆီမီးထွန်းပွဲတော် ပြုလုပ်နေသည့် ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ဒေသခံ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာ ရခဲ့ကြောင်း၊ သေဆုံးရုပ်အလောင်းများကို ညတွင်းချင်း မြှုပ်နှံနေချိန်မှာတောင် ပါရာမော်တာဖြင့် ဗုံးသီးများ ထပ်မံကြဲချခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/lJtmv
“Mandalay Free Press” တွင် သီတင်းကျွတ်လပြည့်နေ့ ညက ချောင်းဦးမြို့နယ်၊ မြောက်ဘက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာတွင် ဆီမီးထွန်းပွဲနှင့် ဆီမီးသပိတ် ပြုလုပ်နေစဉ် စစ်အုပ်စုက စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့မှုကြောင့် လသားအရွယ် ကလေးငယ်များအပါအဝင် သေဆုံးသူ ၄၀ ကျော်လာပြီ ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများထဲတွင်လည်း စိုးရိမ်ရသူ အများအပြား ရှိနေဆဲ ဖြစ်ကြောင်း၊ သေဆုံးသူအများစုမှာ ခန္ဓာကိုယ်အပိုင်းအစ ရှာမရလောက်အောင် ဗုံးဒဏ်ခံခဲ့ရကြောင်း၊ ဗုံးကြဲပြီးနောက် မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများနှင့် ဆေးဝါးကုသဖို့ ရွှေ့ပြောင်းနေစဉ်မှာပင် စစ်အုပ်စုက အနောက်ကနေ ပါရာမော်တာဖြင့် လိုက်လံပစ်ခတ်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်ခဲ့သေးကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/8hv9
သုံးသပ်ချက်
သတင်းမီဒီယာများတွင် သီတင်းကျွတ်လပြည့်နေ့ ညက ချောင်းဦးမြို့နယ် ဗုံတိုရွာတွင် ဆီးမီးထွန်း ပွဲတော်နှင့် ဆီမီးသပိတ် ပြုလုပ်နေစဉ် စစ်တပ်က ဗုံးကြဲခဲ့ခြင်းကြောင့် လသားအရွယ်ကလေးငယ် များ အပါအဝင် အရပ်သား နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန် ထိ သေဆုံးသူ ၄၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။
သေဆုံးသူများထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ ပါဝင်သောလည်း အများစုမှာ အရပ်သားများ ဖြစ်နေ သည်။
ထို့ကြောင့် စစ်ကော်မရှင်တပ်ထောက်ခံေသာ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ ရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်ပြုလုပ်နေသည့် PDF များကို ဗုံးကြဲရှင်းလင်းရာ PDF အများအပြား သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် အောက်တိုဘာ ၈ ရက် ညနေအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
