ညောင်ဦးမြို့နယ်ရှိ PDF စခန်းများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ဟုဆိုသည့် အကြောင်းအရာသည် စစ်ကော် မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် သတင်းအတု ပျံ့နှံ့လျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၃၄ မိနစ်တွင် ညောင်ဦး မြို့ရှိ PDF စခန်းများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းများက ညောင်ဦးမြို့နယ်ရှိ ကန်နီပေါက်၊ ဂျိုးကန်၊ ကျောက်ပြင်ကန် အပါအဝင် အခြား PDF စခန်းချထားသည့် ရွာများကို စစ်ကြောင်း ထိုးပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “Truth Media, U Nay Win” တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့ သဖြင့် ပျံ့နှံ့မှု များပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/6eKvj
Truth Media – https://archive.ph/0IInu
U Nay Win – https://archive.ph/lSFFI
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “Red Peacock” မီဒီယာက ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
“Red Peacock” တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲရှိ ကျေးရွာများကို အောက်တိုဘာ ၉ ရက်နေ့တွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ရွာမီးရှို့မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းက ကန်နီ ပေါက်၊ ဂျိုးကန်၊ ကျောက်ပြင်ကန်၊ ချောင်းရှည်၊ အနောက်အုံး၊ ကန်ကြီးကုန်း၊ သဲပြင်တေ ရွာများကို စစ် ကြောင်းထိုးခဲ့ပြီး ဂျိုးကန်၊ ကန်နီပေါက် နှင့် ကျောက်ပြင်ကန် ရွာ များရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ ကြောင်း၊ ရွာခံပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/DPZE5
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ ညောင်ဦးမြို့ ရွာများ စစ်ကြောင်းထိုး မီးရှို့ခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring, The Irrawaddy” တို့က သတင်းရေးထားသည်။
“People’s Spring” တွင် စစ်ရေးလိုအပ်ချက်အရ ညောင်ဦး- ကျောက်ပန်းတောင်းလမ်းပိုင်းတွင် ခရီးသွား ယာဉ်များ လိုက်နာရမည့် အချက်များကို ညောင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားကြောင်း၊ စစ်ကော်မရှင် တပ်သည် လတ်တလောတွင် ညောင်ဦးမြို့နယ်ကို စစ်အင်အား တိုးချဲ့ ပို့ဆောင်နေကြောင်း၊ ပုဂံမြို့တောင် ဘက်ရှိ ကျေးရွာများကို အင်အား ၁၅၀ လောက်ဖြင့် စစ်ကြောင်းထိုးနေကြောင်း၊ ကန်နီပေါက်ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/g5qm7
“The Irrawaddy” တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ခြမ်း၊ ပုဂံမြို့တောင်ဘက် ဧရာဝတီမြစ် ကမ်းအနီးရှိ ကန်နီပေါက်၊ ကျောက်ကန်၊ မကျည်းတန်းရွာများကို စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း၊ ထို့ကြောင့် ကျေးရွာအနီးဝန်းကျင်ရှိ ကျေးရွာ ၁၄ ရွာခန့်ရှိ ပြည်သူ များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ကြောင်းသည် တစ်အိမ်ဝင်တစ်အိမ်ထွက် ပစ္စည်းများ ယူဆောင်ခဲ့ပြီး ကန်နီပေါက်ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/E4em
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ညောင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။ မီးရှို့ဖျက်ဆီးခံရသည့် အိမ်များမှာ အရပ်သားနေအိမ် များ ဖြစ်ကြောင်း သိရသည်။ ဒေသခံအရပ်သားများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းများ အရ သိရသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ညောင်ဦးမြို့နယ်ရှိ PDF စခန်းများအား မီးရှို့ဖျက်ဆီးခဲ့” ဆိုသည့် အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ပုံဖျက်ရေးသားဖြန့် ဝေထား သော သတင်းအတု ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
