တရုတ် နံပါတ်(၂) စစ်ခေါင်းဆောင် ဟေဝေဒုန်း အဂတိလိုက်စားမှုဖြင့် ရာထူးမှ ဖယ်ရှားခံရ

Economictime

တရုတ်နိုင်ငံ၏ ဒုတိယအဆင့် အမြင့်ဆုံး စစ်ဘက်အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ချုပ် ဟေဝေဒုန်း (He Weidong) ကို ကွန်မြူနစ်ပါတီနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှစ်ခုလုံးမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်ဖြင့် အကျင့်ပျက်ခြစားမှုများရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးရန်အတွက် ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး ဗိုလ်ချုပ် ဟေဝေဒုန်းသည်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဗဟိုစစ်ရေးကော်မရှင် (CMC) ၏ ဒုတိယဥက္ကဋ္ဌနှင့် ၂၄ နေရာရှိ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

လက်ရှိ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့ဖြစ်သော ပေါ်လစ်ဗျူရိုမှ တာဝန်ထမ်းဆောင်နေဆဲ အဖွဲ့ဝင်တစ်ဦးကို အရေးယူခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ အကြီးအကဲ ကိုးဦးကို ပါတီ၏ စံနှုန်းများကို ကြီးကြီးမားမား ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးကာ အပြစ်ပေးခဲ့ကြောင်းအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇန်ရှောင်ဂန် (Senior Colonel Zhang Xiaogang) မှ ပြောကြားခဲ့သည်။

“စုံစမ်းစစ်ဆေးမှုအရ၊ ဤပုဂ္ဂိုလ် ကိုးဦးသည် ပါတီစည်းကမ်းများကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ပြီး တာဝန်နှင့်သက်ဆိုင်သည့် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသည်။ ပါဝင်ပတ်သက်မှုများသည်ကြီးမားပြီး၊ ပြစ်မှုများမှာ အလွန်ပြင်းထန်ကာ၊ သက်ရောက်မှုမှာ အဆိုးရွားဆုံး ဖြစ်သည်” ဟု ဇန်က ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဟေဝေဒုန်းနှင့်အတူ စုံစမ်းစစ်ဆေးခံခဲ့ရသူများတွင် စစ်တပ်၏ နိုင်ငံရေး၊ အတွေးအခေါ်နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ကြီးကြပ်ခဲ့သည့် ဗဟိုစစ်ရေးကော်မရှင် (CMC) အဖွဲ့ဝင်ဟောင်း မြောက်ဟွာ (Miao Hua)၊ မြောက်၏ ဒုတိယအကြီးအကဲ ဟဲဟုန်ကျွန်း (He Hongjun)၊ နှင့် CMC ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်၏ အမှုဆောင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဝမ်ရှီအူဘင် (Wang Xiubin) တို့ ပါဝင်သည်။

အခြားသူများမှာ အရှေ့ပိုင်း စစ်နယ်မြေ ကွပ်ကဲရေးမှူးဟောင်း လင်ရှန်းယန် (Lin Xiangyang)၊ PLA စစ်တပ်၏ နိုင်ငံရေး ကော်မစ်ဆာဟောင်း ချင်ရှုတုန် (Qin Shutong)၊ ရေတပ်၏ နိုင်ငံရေး ကော်မစ်ဆာဟောင်း ယွမ်ဟွာကျိ (Yuan Huazhi)၊ ဒုံးပျံတပ်ဖွဲ့၏ အရင်က ကွပ်ကဲရေးမှူးဟောင်း ဝမ်ဟို့ဘင် (Wang Houbin)၊ နှင့် ပြည်သူ့လက်နက်ကိုင် ရဲတပ်ဖွဲ့ကို အရင်က ဦးဆောင်ခဲ့သူ ဝမ်ချွန်းနင် (Wang Chunning) တို့ ဖြစ်ကြသည်။

သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ဗဟိုစစ်ရေးကော်မရှင် (CMC) သည် တရုတ်စစ်တပ်၏ ကွပ်ကဲမှု အမြင့်ဆုံးနေရာတွင် ရှိပြီး၂၀၂၂ ခုနှစ် ၂၀ ကြိမ်မြောက် ပါတီကွန်ဂရက်အပြီးတွင် အဖွဲ့ဝင် ခုနစ်ဦးကို ကော်မရှင်သို့ ခန့်အပ်ခဲ့သော်လည်း လေးဦးသာ ကျန်ရှိပြီး၊ လက်ရှိအခြေအနေ သည် နှစ်ပေါင်းများစွာအတွင်း မကြုံဖူးသေးသော အခြေအနေဖြစ်သည်။

ရှီမှလွဲ၍ ကျန်ရှိသော အဖွဲ့ဝင်များမှာ ဒုတိယဥက္ကဋ္ဌ ကျန်ယိုရှီယာ (Zhang Youxia)၊ နှင့် အဖွဲ့ဝင်နှစ်ဦးဖြစ်သော ပူးပေါင်းဝန်ထမ်းဌာန အကြီးအကဲ လျူကျိန်းလီ (Liu Zhenli)၊ နှင့် စစ်တပ်၏ စည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေးကော်မရှင်ကို ဦးဆောင်သူ ကျန်ရှန်မင် (Zhang Shengmin) တို့ ဖြစ်သည်။