ရန်ကုန်မြို့တွင် ယမန်နေ့ညမှစတင်ကာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် မြို့နယ်အချို့၌ ယနေ့ (နိုဝင်ဘာ ၂ ရက်) နံနက်ပိုင်းမှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
ရေကြီးမှုများကြောင့် လမ်းမများပေါ်တွင် ယာဉ်ငယ်များသွားလာရန် ခက်ခဲခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်းနှင့် နေရာအချို့၌ ယာယီဓာတ်အားပြတ်တောက်မှုများလည်း ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာသတင်းရင်းမြစ်များအရ သိရသည်။
တာမွေ၊ ကမာရွတ်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) အပါအဝင် မြို့နယ်အများစုရှိ လမ်းမများနှင့် ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။








