ပါကစ္စတန် တရားရုံးနီး ပေါက်ကွဲမှုတွင် ၈ ဦး ဒဏ်ရာရ

ဓာတ်ပုံ - AFP
ပုံစာ - ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ပါကစ္စန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့တော်နှင့် ဆင်ခြေဖုံးဒေသများအား မြင်တွေ့ရစဉ်

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမာဘတ်ရှိ တရားရုံး အဆောက်အအုံ ပြင်ပတွင် နိုဝင်ဘာလ ၁၁ ရက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ၈ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

ဒဏ်ရာရသူများအနက် အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက “ဒါဟာ ဘယ်လို ပေါက်ကွဲမှု အမျိုးအစားလဲဆိုတာကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ လောလောဆယ်မှာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျွန်တော်တို့ရဲ့ မှုခင်းဆေးဘက်ဆိုင်ရာ အဖွဲ့ထံကနေ အစီရင်ခံစာ ရရှိပြီးမှပဲ အသေးစိတ် အချက်အလက်တွေကို ထပ်မံ ပေးနိုင်မှာပါ” ဟု ပြောကြား သည်။

အဆိုပါ ပေါက်ကွဲမှုသည် အစ္စလာမာဘတ် ခရိုင်တရားရုံး၏ ဝင်ပေါက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာသည် အမှုသည်များ ပုံမှန်များပြားလေ့ရှိသည်။