နိုင်ငံအနှံ့ ပြင်ဆင်နေသည့် စစ်တပ်၏ တန်ပြန်ထိုးစစ်တွင် ဒရုန်းအသုံးပြုမှု တိုးမြှင့်နိုင်ရန်အတွက် လေ့ကျင့်နေကြောင်း သိရသည်။
တောင်ညို လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း၊ မိုးစွေ အမှတ်၂ တပ်မတော်တန်းမြင့်သင် တန်းကျောင်း(တတက၂) နှင့် ရမည်းသင်း အမှတ်၃ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ၃) တို့တွင် ဒရုန်းနှင့် ပတ်သက်၍ ပေါင်းစပ်လေ့ကျင့်နေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေး ဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ယနေ့ သတင်းထုတ်ပြန်သည်။
“ပြီးခဲ့တဲ့နှစ်က မင်းအောင်လှိုင် တရုတ်မှာ ဒရုန်းစက်ရုံသွားလေ့လာပြီးနောက်မှာ စစ်တပ်ထဲ အ ဆင့်မြင့်ဒရုန်း တွေကို ငွေပုံသုံးပြီး ဖြည့်လာတယ်လို့ထင်တယ်။အခုဆိုရင် စစ်တပ်ရဲ့ ဒရုန်းစစ်ဆင် ရေးတွေက အမှန်တကယ်အားကောင်းလာတာသေချာတယ်။အဓိကက စစ်တပ်က ငွေကိုပုံသုံးနိုင် တာပါ။ဘာပဲဖြစ်ဖြစ် တော်လှန်ရေးတပ်တွေအနေနဲ့ စစ်တပ်ရဲ့ဒရုန်းအားကောင်းလာတာကို အမှန် အတိုင်းမြင်ပြီး ကိုယ့်ဘက်က လိုအပ်ချက်တွေ ရသလောက်ထပ်ဖြည့်ဖို့ လိုမယ်”ဟု နယ်စပ် ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ဒရုန်းတပ်ဖွဲ့အတွက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ထုတ်နှုတ်ထားသော အရာရှိ နှင့် နည်းပ ညာ တပ်ကြပ်ကြီးများကို ဒရုန်းအထူးကျွမ်းကျင်များအဖြစ် လေကြောင်းရန်ကာကွယ်ရေးသင်တန်း ကျောင်း(လသက)တွင် အဓိကလေ့ကျင့်ပေးနေပြီး လသကမှ လေ့ကျင့်သင်တန်းပေးထားသည့် ဒရုန်းအထူးကျွမ်းကျင် အရာရှိ၊စစ်သည်များဖြင့် တတက၂နှင့် စခတ၃ တို့၌ ဒရုန်းကိုင်တွယ်အ သုံး ပြုမှုသင်တန်းများ ဆင့်ပွားပေးနေကြောင်း စခတ၃ နှင့် တတက၂ တွင် ဒရုန်းသင်တန်းပေးထားသည့် အရာရှိ၊စစ်သည်များကို သိုက်ချောင်းအနီးရှိ စိုက်ပျိုးရေးတပ်၌ စုဖွဲ့ပြီးနောက် နေပြည်တော်လေတပ် စခန်းမှတစ်ဆင့် စစ်ဆင်ရေးတပ်နေရာများသို့ ပို့ဆောင်ပေးကြောင်း MDSI က ဆိုသည်။
အလားတူ ဒရုန်းကာကွယ်ရေးပိုင်းကိုလည်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ယူကာ ပိုမိုလုပ်ဆောင်လျက်ရှိပြီး လက်ရှိတွင် တရုတ်နိုင်ငံလုပ် RDN-120 ဒရုန်းစောင့်ကြည့်ရေးရေဒါများ ဝယ်ယူ၍ နေပြည်တော်လေဆိပ်၊ စစ်ရုံး နှင့် VIP အိမ်ယာများ၌ တပ်ဖြန့်ချထားကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံထုတ် Drishti-MR LLLWR ဒရုန်းစောင့်ကြည့်ရေးရေဒါ အမျိုးအစား ဝယ်ယူရန် ပြင်ဆင်နေကြောင်း သတင်းထွက်နေပြီး ဒရုန်းစစ်ဆင်ရေးကို ပိုမိုအလေးထားလုပ်ဆောင်နေသည့် စစ်တပ်သည် စွမ်းဆောင်ရည်အားနည်းသော တရုတ်ရေဒါများနေရာ၌ အစားထိုးရန် ပြင်ဆင် လာခြင်းဟု MDSI က သုံးသပ်သည်။
၂၀၂၄ခုနှစ်၊နိုဝင်ဘာ၈ရက်တွင် တရုတ်နိုင်ငံ၊ချုံချင့်မြို့ရှိ ဒရုန်းထုတ်လုပ်သည့်စက်ရုံကို သွားရောက် လေ့လာခဲ့သည်။
