စစ်ကော်မရှင်တင်မက ကိုကိုကြီးကပါ ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချ လုပ်စားလာ

စစ်ကော်မရှင်တင်မက ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးကပါ ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချ လုပ်စားလာကြောင်း သိရသည်။

စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာများတွင် ‘ရွေးကောက်ပွဲဖျက်မယ်ဆိုတဲ့လူတွေကို ဒီတိုင်း ကြည့်နေမှာမဟုတ်’ ခေါင်းစဉ်ဖြင့် ၁၉၄၇ခုနှစ်၊မတ်လ၃ရက်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဗိုလ် ချုပ်အောင်ဆန်းပြောကြားခဲ့သည့် အသံလွှင့်မိန့်ခွန်းမှ ကောက်နှုတ်ချက်ကို မကြာခဏ ဖော်ပြ နေသလို ကိုကိုကြီးကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ အသံနေအသံထားကိုတုပကာ မိန့်ခွန်း ပြော ကြားလာကြောင်း ရန်ကုန်မြို့နေ၊စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆို သည်။

“စစ်တပ်ရွေးကောက်ပွဲဝင်လို့ ပြည်သူတွေ ရွံမုန်းနေတာကို သူတို့ကိုယ်တိုင်လည်း သိနေတော့ က ယောင်ကတမ်းဖြစ်နေတာလား၊နိုင်ငံရေးသူငယ်ပြန်တာလား မပြောတတ်ဘူး။အောက်တန်းစားနိုင် ငံရေးသမားတစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်းလေသံ တုပပြောတာ နားထောင်ရတော့ ပါးစပ် အဟောင်းသားဖြစ်ရတယ်”ဟု ၎င်းက MPAသို့ ပြောသည်။

နိုဝင်ဘာ၁၉ရက်နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ပါတီရုံးရှေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းပြည်သူ့ပါတီအောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲ၌ ကိုကိုကြီး မိန့်ခွန်းပြောကြားခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းလေယူလေသိမ်းအတိုင်း တုပပြောခဲ့သည်။

ကိုကိုကြီး၏ ယင်းမိန့်ခွန်းတွင် နိုင်ငံရေးပလက်ဖောင်းကို ဖျက်ဆီးမပစ်နဲ့၊လောဘီတွေ ကြပ်ကြပ်သတိထားဟု ခြိမ်းခြောက်ငေါက်ငမ်းခဲ့သေးသည်။

“ကိုကိုကြီးက တော်လှန်ရေးအင်အားစုကိုသာ ခြိမ်းခြောက်ရဲတာ။ပြည်သူကိုကိုယ်စားပြုတဲ့ ပြည်သူ့ ပါတီဥက္ကဌအနေနဲ့ ပြည်သူကို ပစ်မှတ်ထားသတ်နေတဲ့ မင်းအောင်လှိုင်ကိုကျတော့ တစ်ခွန်း မဝေဖန် ရဲဘူး။အဲဒါဟာ ကိုကိုကြီးရဲ့ နိုင်ငံရေးပါပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားအားကျသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရွေးကောက်ပွဲဝင်ခဲ့ဖူးသော လမ်းမတော်မြို့နယ်မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခြင်း ဖြစ် ကြောင်း ကိုကိုကြီးက ပြောကြားထားသည်။

စာတည်း-ML