ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်းရှိ လမ်းမပေါ်တွင် လူငယ်၃ဦးကို ၂ညဆက်တိုက် ပေါ်တာဆွဲ သွားကြောင်း Sanchaung Scout Channel က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ၂၇ရက်ညပိုင်းတွင် စမ်းချောင်း(တောင်)ရပ်ကွက်၊ဦးဖီးလမ်း(လက်ပံလမ်းနှင့်ဆီဆုံလမ်း ကြား)တွင် အိတ်အမည်းကိုင်ကာ ဈေးဝယ်ပြန်လာသည့် လူငယ်အမျိုးသား၂ဦးကို Honda Fit အပြာ ရောင်ကားပေါ်မှာ အရပ်ဝတ်များဆင်းလာကာ ဖမ်းဆီးသွားကြောင်း နိုဝင်ဘာ၂၆ရက်၊ည၈နာရီခန့် တွင်လည်း စမ်းချောင်း(တောင်)ရပ်ကွက်၊ မင်းလမ်း၊ မြသိန်းတန်ဘုရားအနီး ထမင်းဆိုင်တစ်ဆိုင်၌ ဘီယာထိုင်သောက်နေသော အမျိုးသားတစ်ဦးကိုလည်း Honda Fitကားဖြင့် ပေါ်တာဆွဲသွား ကြောင်း Sanchaung Scout Channel က ထုတ်ပြန်ထားသည်။
“မနေ့ညက ကြားရတာ ဆွဲတဲ့ကောင်တွေက ကလေးတွေ လာတာကို စောင့်ပြီး လက်နဲ့ ရိုက်နှက်ပြီး ကား ပေါ်တင်သွားတာ။လာတာကို ဖမ်းဖို့ ချောင်းနေတာမျိုးလို့ ထင်တယ်။ကလေးတွေက အလစ်ခံရ တာ ရော ဖမ်းတဲ့ကောင်တွေက လက်ယဉ်နေတာရောပေါ့။ဘာမှမတတ်နိုင်ဘူး”ဟု စမ်းချောင်း၊ဂွဈေး အနီး နေ အမျိုးသားကြီးတစ်ဦးက MPAသို့ပြောသည်။
နိုဝင်ဘာ၂၇ရက်ညက ပေါ်တာဆွဲခံရသည့် လူငယ်၂ဦး၏ မိသားစုဝင်များက လိုက်လံစုံစမ်းနေကြ သော်လည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသလဲ မသိသေးကြောင်း Sanchaung Scout Channel က ယနေ့(နိုဝင်ဘာ၂၈ရက်)ထုတ်ပြန်ထားသည်။
“လမ်းပေါ်ဖမ်းတာတွေက ညဘက် ရန်ကုန်မှာ တောက်လျှောက်ရှိနေတယ်။စစ်မှုထမ်းအတွက် လူ များနေလို့ မယူဘူးဆိုတာ မရှိဘူး။အမြဲတမ်းလူလိုနေတာချည်းပဲ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်လမ်းများပေါ် ဖမ်းဆီးမှုမှန်သမျှသည် စစ်မှုထမ်းအတွက်ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
