၁၁လအတွင်း အလင်းဝင်နှင့်စစ်သုံ့ပန်း ဖမ်းဆီးမိမှု ၂၄၀၀ကျော်ရှိ

6 Dec 2025 By / MPA

၂၀၁၅ခုနှစ် ၁၁လတာအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဦးရေ ၂၄၀၀ကျော်ရှိကြောင်း ပြည်သူ့ပန်း တိုင်က ထုတ်ပြန်သည်။

၂၀၁၅ခုနှစ်၊ဇန်နဝါရီမှ နိုဝင်ဘာအထိ အလင်းဝင်နှင့် ဖမ်းမိရမိသည့် စစ်သုံ့ပန်းဦးရေစုစုပေါင်း ၂၄၃၇ဦးရှိ ကြောင်း ပြည်သူ့ပန်းတိုင်က ယနေ့(ဒီဇင်ဘာ၆ရက်)ထုတ်ပြန်သည်။

“စစ်ကော်မရှင်က ရွေးကောက်ပွဲ‌ဆိုတဲ့ ရွှေရောင်အိပ်မက်ကြီးကို ပျော်ပျော်ကြီး မက်နေစဉ်မှာပဲ အောက်ခြေစစ်သည်တွေရဲ့ ဘဝကတော့ နေ့စဉ် ချနင်းခံနေရဆဲပါပဲ”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။
နိုဝင်ဘာလတွင် အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၁၉၂ဦးရှိကြောင်း သိရသည်။

အလင်းဝင်လာသူအရေအတွက်မှာ ၂၀၂၅ဇန်နဝါရီတွင် ၈၈ဦး၊ဖေဖေါ်ဝါရီတွင် ၈၀၊ မတ်တွင် ၆၂ဦး၊ ဧပြီတွင် ၆၅ဦး၊ မေတွင် ၆၆ဦး ၊ ဇွန်တွင် ၁၀၀၊ ဇူလိုင်တွင် ၁၀၉ဦး၊ဩဂုတ်တွင် ၁၇၄ဦး၊စက်တင်ဘာတွင် ၆၉ဦး၊အောက်တိုဘာတွင်၄၅ဦးနှင့် နိုဝင်ဘာတွင် ၆၄ဦးရှိခဲ့ပြီး အလင်းဝင်စစ်သားများထဲ၌ စစ်မှုထမ်းတပ်သား အများဆုံးပါဝင်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

“၂၀၂၅မှာ အလင်းဝင်တဲ့စစ်သားအရေအတွက် သိသိသာသာ တက်မလာဘူး။မဝင်ချင်ဘဲ တပ်ထဲရောက်နေကြတဲ့ ပစ(စစ်မှုထမ်းတပ်သား)တွေ အလင်းဝင်နှုန်းကလည်း တော်တော်နည်း နေသေးတယ်။ဒါကို စနစ်တကျပြန်သုံးသပ်ပြီး ဗျူဟာမြောက်အစီအစဉ်တွေ ချဖို့ လိုနေပြီ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း MDSI ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

စာတည်း-ML