မြန်မာရိုးရာဝတ်စုံဖြင့် ဆစ်ဒနီမာရသွန်ပြိုင်ပွဲတွင် ပန်းဝင်ခဲ့ခြင်းသည် လိမ်ဆင်သာဖြစ်ကြောင်း စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi/MPA

ဩစတေးလျနိုင်ငံ ဆစ်ဒနီ မာရသွန်ပြိုင်ပွဲတွင် မြန်မာရိုးရာဝတ်စုံဖြင့် ဝင်ပြေးခဲ့သူ ဒေါက်တာမြင့်မိုရ်ဦး သည် အပြေးပြိုင်ပွဲကို တကယ်မပြိုင်ဘဲ ဟန်ပြ ဝင်ပြေးခြင်းသာ ဖြစ်ကြောင်း စစ်တပ် ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။

“ဒီဂျစ်တယ်နေ့စဉ်” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၃ ရက် နေ့လည် ၁၂ နာရီ ၃ မိနစ်တွင် ဆစ်ဒနီ မာရသွန်ပြိုင်ပွဲတွင် မြန်မာဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦးမှာ အမှန်တကယ် ဝင်ရောက်ပြေးခဲ့ခြင်း မရှိကြောင်း၊ ၂၆ မိုင် ရှိသည့် မာရသွန်ပြေးပွဲတွင် မြန်မာဝတ်စုံဖြင့် ဝင်ရောက်ပြေးခဲ့ သည်မှာ မဖြစ်နိုင်ကြောင်း၊ တော်ရုံအပြေးသမားတောင် မလုပ်နိုင်သည့်အရာကို ထမီနှင့် ချွေးမထွက်အောင် ပြေးသည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ မာရသွန်မပြေးဖူးသူများကို တမင် ဂျင်းထည့်ပြီး ဓာတ်ပုံရိုက်ပြ သွားခြင်းဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/pBXjR

အဆိုပါအကြောင်းအရာကို ဝင်ရောက်ကြည့်ရှုသူ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းအထိ ၉,၀၀၀ ကျော် ရှိခဲ့ ပြီး “Snow Queen, DGF21News” ချန်နယ်တို့က ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။

Snow Queen – https://archive.ph/9mz0K
DGF21News – https://archive.ph/2NSSe

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရ သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “မောင်း ၊ BBC” တို့၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

သတင်းမီဒီယာများတွင် ၂၀၂၅ ဩဂုတ် ၃၁ ရက်က ဩစတြေးလျနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Sydney Marathon 2025 ပြိုင်ပွဲတွင် သရုပ်ဆောင်ဦးကျော်သူ၏ သမီးဖြစ်သူ ဒေါက်တာမြင့်မိုရ်ဦးက မြန်မာရိုးရာ ဝတ်စုံဖြင့် ပြိုင်ပွဲဝင်ခဲ့ကြောင်း၊ ၄၂.၂ ကီလိုမီတာ ( ၂၆ မိုင် ) အကွာအဝေးရှိ ပြိုင်ပွဲကို ၄ နာရီ ၁၂ မိနစ် ၁၉ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ကြောင်း၊ မြန်မာ့ရိုးရာဝတ်စုံနှင့်အတူ မာရသွန်အချိန် သတ်မှတ်ခံရပြီး ဂင်းနစ်စံချိန်ဝင်ခဲ့ ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>

မောင်း – https://bitly.cx/EqE4
BBC – https://bitly.cx/Q4UI

Google တွင် “မြန်မာဝတ်စုံဖြင့် မာရသွန်ပြိုင်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB, People’s Spring” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ဩစတြေးလျ နိုင်ငံ တွင် ပြုလုပ်ခဲ့သည့် ဆစ်ဒနီ မာရသွန်ပြိုင်ပွဲတွင် သရုပ်ဆောင် ဦးကျော်သူ၏သမီးဖြစ်သူ ဒေါက်တာမြင့်မိုရ်ဦးက မြန်မာဝတ်စုံဖြင့် ဝင်ရောက်ယှည်ပြိုင်ခဲ့ကြောင်း၊ ပန်းဝင် သည်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့သဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန် ဝင်ခဲ့ကြောင်း၊ မြန်မာ့အရေးကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာစေဖို့အတွက် မြန်မာဝတ်စုံဝတ်ပြီး အပြေးပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာဝတ်စုံဖြင့် ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ပြေးရာတွင် အခက်အခဲများ ရှိခဲ့ကြောင်း၊ သို့သော် ပန်းဝင်သည်အထိ ကြိုးစားပြေးခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/2Z0z
People’s Spring – https://bitly.cx/IB0J

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ဩစတြေးလျနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆစ်ဒနီမာရသွန် ပြိုင်ပွဲတွင် မြန်မာအမျိုး သမီးဖြစ်သော ဒေါက်တာမြင့်မိုရ်ဦးက မြန်မာဝတ်စုံဝတ်ကာ ပါဝင်ယှဉ်ပြိုင်၍ ပန်းဝင်ခဲ့သဖြင့် ဂင်းနစ် မှတ် တမ်းဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒေါက်တာမြင့်မိုရ်ဦးသည် ၂၆ မိုင် ရှည်လျားသော ပြိုင်ပွဲတွင် ၄ နာရီ ၁၂ မိနစ် ၁၉ စက္ကန့်ဖြင့် ပန်းဝင်နိုင် သည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ မာရသွန်တွင် မြန်မာဝတ်စုံ ဝတ်ပြီး ဟန်ပြပြေးခြင်းသာဖြစ်” ဟု ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။