ချောင်းဆုံမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရှိ တရားမဝင် မွန်ဝန်ကြီးချုပ် အောင်ကြည် သိန်းမှာ ည၁၀နာရီခွဲမှ တက်လာသည့် နောက်ကျမဲ ဖြင့် ကပ်နိုင်သွားပြီး ကျန်ကြံ့ဖွံ့ အမတ်လောင်း များ ရှုံးသွားကြောင်း သိရသည်။
အောင်ကြည်သိန်းသည် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်(FPTP-နိုင်သူအကုန်ယူ)မဲဆန္ဒနယ်မှ ကြံ့ဖွံ့အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး နောက်ကျ မဲဖြင့် မဲ၅၀၀ အသာရကာ မွန်ညီညွတ်ရေးပါတီအမတ်လောင်းကို အနိုင်ရခဲ့၍ နောက်ကျမဲအပေါ် ဒေ သခံတို့ သံသယရှိကြကြောင်း ဒေသခံအချို့ထံက သိရသည်။
“၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ထုံးစံအတိုင်း နောက်ကျမဲတွေ ရောက်လာပြီး ကပ်နိုင်သွားတာဆို တော့ ကျနော်တို့ ချောင်းဆုံသားတွေ သံသယရှိကြတယ်။နောက်ကျမဲတွေအပေါ် အယုံအကြည်မရှိ ကြဘူး”ဟု အဝေးရောက်ချောင်းဆုံသားတစ်ဦးက MPAသို့ပြောသည်။
အောင်ကြည်သိန်းသည် ၎င်း၏ဇာတိရွာဖြစ်သော ကွမ်ရိုက်ရွာမှာပင် မဲအနည်းငယ်အသာဖြင့် အနိုင်ရ ခဲ့ခြင်းဖြစ်ပြီး ချောင်းဆုံမြောက်ဘက်ခြမ်းရှိ မွန်ရွာများ၌ ရှုံးနိမ့်ခဲ့သည်။ထို့အပြင် ချောင်းဆုံတောင် ဘက်ခြမ်း ရှိ မုရစ်ကလေးနှင့် ကမာကေးရွာကြီးများတွင် မွန်လူမျိုးမများသော်လည်း ရှုံးနိမ့်ခဲ့သည်။
“ကြံ့ဖွံ့က အများကြီးအသာစီးယူပြီး ဝင်ပြိုင်တာ။ချောင်းဆုံသားတွေ ကြံ့ဖွံ့ကို ဘယ်လောက်မုန်းသ လဲဆိုတာ သက်သေပြလိုက်တာပဲ”ဟု ချောင်းဆုံမြို့နယ်၊ကလွီရွာသားတစ်ဦးက ပြောသည်။
အောင်ကြည်သိန်းနှင့် ပြိုင်ဘက် မွန်ညီညွတ်ရေးပါတီ အမတ်လောင်း နိုင်ထွန်းဦးမှာ ဒေသခံများ ကြား ထင်ရှားမှုမရှိသူတစ်ဦးဖြစ်သည်။
“နိုင်ထွန်းဦးကို ကျနော်တို့ မမြင်ဖူးကြဘူး။အဲလို ဘာမှလူမသိတဲ့သူကိုတောင် ဝန်ကြီးချုပ် အောင် ကြည်သိန်းက နောက်ကျမဲနဲ့ မဲမပြတ်ဘဲ နိုင်တယ်။ နောက်ကျမဲက မယုံရဘူး။လူတိုင်းသိတယ်”ဟု ကလွီရွာသားက ဆက်လက်ပြောသည်။
ကြံ့ဖွံ့ ပြည်သူ့လွှတ်တော်အမတ်လောင်း မျိုးဝင်းမှာ မွန်ညီညွတ်ရေးပါတီအမတ်လောင်း မင်းစိုးသူ ကို မဲ ၂၀၀၀ အကွာဖြင့် ရှုံးနိမ့်ခဲ့ပြီး ကြံ့ဖွံ့ အမျိုးသားလွှတ်တော်အမတ်လောင်းတင်ကိုကို မှာ မွန်ညီညွတ်ရေးပါတီ အမတ်လောင်း နိုင်အမ်ချမ်းမွန်(ခ)မင်းစိုးခိုင်ကို မဲ၁၅၀၀အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။
NLDပါတီ မပါသော ၂၀၁၀ရွေးကောက်ပွဲတုန်းကလည်း ချောင်းဆုံမဲဆန္ဒနယ်တွင် မွန်ပါတီ(မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီ)က ၃နေရာအနိုင်ခဲ့ပြီး ကြံ့ဖွံ့က တစ်နေရာသာ အနိုင်ရခဲ့သည်။
စာတည်း-ML
