စစ်ကော်မရှင်ရွေးကောက်ပွဲကို အတုအယောင်၊ နိုင်ငံရေးပြဇာတ်ဟု ကိုရီးယားသတင်းဌာန ၂၀ကျော် ဖော်ပြ

စစ်ကော်မရှင်ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ပြီး ကမ္ဘာကို လှည့်ဖျားရန် ပြုလုပ်သည့် နိုင်ငံ ရေးပြဇာတ်သာဖြစ်သည်ဟု တောင်ကိုရီးယား နာမည်ကြီးသတင်းဌာန ၂၀ကျော်က ဖော်ပြကြ ကြောင်း သိရသည်။

စစ်ကော်မရှင်က တရားမဝင် ရွေးကောက်ပွဲပြုလုပ်သည့် ဒီဇင်ဘာ၂၈ရက်တွင် တောင်ကိုရီးယား သ တင်းဌာနများက ဖော်ပြကြခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ရွေးကောက်ပွဲဆန့်ကျင် ရေးပူးပေါင်းလှုပ်ရှားမှု ကော်မတီဝင် ဦးကျော်ဆန်းက ပြောသည်။

“ကိုရီးယား နာမည်ကြီးသတင်းဌာနတွေက အဓိက ဟိုက်လိုက်လုပ်ပြီး ဖော်ပြတဲ့အကြောင်းအရာက တော့ စစ်အာဏာသိမ်းပြီးတော့ ၄နှစ်နဲ့၁၀လအကြာမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ကြတယ်။ သို့ပေမဲ့၊ဒါဟာ စစ်ဘက်က ဦးဆောင်ပြီး ပြုလုပ်တဲ့ ရွေးကောက်ပွဲက ပြည်သူလူထုကို ကိုယ်စားပြု တာမဟုတ်ဘူး။ လွတ်လပ်ပြီး တရားမျှတမှုဖြစ်မှာ မဟုတ်ဘူးဆိုပြီး နိုင်ငံတကာကလည်း ဝိုင်းဝန်းပြီး ဝေဖန်နေကြတယ်။ လေ့လာစောင့်ကြည့်တဲ့အခါမှာလည်း ဒါက အရပ်သားပြည်သူတွေကို ခြိမ်း ခြောက်ပြီးတော့ မဲပေးခိုင်းတာရှိတယ်။ ပြီးတော့မှ သူတို့အင်တာဗျူးထားတဲ့ အကြောင်းအရာတွေ၊ စစ်တမ်းတွေကို ပြန်ပြီးတော့ ကြည့်တဲ့အခါမှာလည်း တချို့ လုံးဝမဲမပေးကြဘူး။တချို့ ကြောက်လို့ သာ မဲသွားပေးကြတာ၊ သို့သော်၊ ရင်ထဲဆန္ဒမပါဘူး။ခြိမ်းခြောက်မှုရှိလို့ မဲသွားပေးကြတယ်ဆိုတာကို အသား ဖော်ပြထားတာရှိတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထားခြင်း၊ NLD အပါအ ဝင် ပါတီ၄၀ကျော်ကို ဖျက်သိမ်းခဲ့ခြင်း စသည်တို့ကိုလည်း ဖော်ပြကာ မည်သို့မျှ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ကြောင်းလည်း ကိုရီးယားသတင်းဌာနတို့က ဖော်ပြကြသည်ဟု ဦးကျော် ဆန်းက ဆိုသည်။

ဒီဇင်ဘာ၂၈ရက်တွင် တောင်ကိုရီးယားရောက် တော်လှန်ရေးအင်အားစုတို့က ဆိုးလ်မြို့ရှိ စစ်ကော်မ ရှင်သံရုံးအနီး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ က ထုတ်ပြန်လိုက်သော “အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေး ကောက်ပွဲအား ကိုရီးယားနေ တော်လှန်ပြည်သူများက လုံးဝဆန့်ကျင်ငြင်းပယ်ကြောင်း ထုတ်ပြန် ကြေညာချက်”ကို စစ်ကော်မရှင်သံရုံးသို့ ပေးပို့ခဲ့သည်။

ထို့နောက် ဆိုးလ်မြို့ရှိ စစ်ကော်မရှင် စစ်သံရုံးအနီးတွင် ကိုရီးယားရောက်မြန်မာ ၃၅၀ကျော်တို့က ဆန္ဒပြခဲ့ကြကြောင်းနှင့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း-ML