ICJ တရားစီရင်မှု မြန်မာအတွက် အရေးကြီးဟု စစ်ကော်မရှင် ဝန်ခံ၊ တစ်ဖက်သတ်အစီရင်ခံစာများသည် အမှန်တရားကို မဖော်ဆောင်နိုင်ဟုလည်း တုံ့ပြန်

ဓာတ်ပုံ - လူမှုကွန်ရက်

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစီရင်မှုသည် မြန်မာနိုင်ငံ အတွက် အရေးကြီးကြောင်း စစ်ကော်မရှင်က ဝန်ခံသော်လည်း အခြေအမြစ်မရှိသော အချက်အ လက်များအပေါ် အခြေခံသည့် တစ်ဖက်သတ်အစီရင်ခံစာများသည် အမှန်တရားကို ဖော်ဆောင် နိုင်ခြင်းမရှိဟုလည်း တုံ့ပြန်လိုက်သည်။

နယ်သာလန်နိုင်ငံ၊သည်ဂိဟ်မြို့ရှိ ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး တရားရင်ဆိုင်နေစဉ် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာ န၏ဇန်နဝါရီ၁၃ရက် ထုတ်ပြန်သည့်ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြထားသည်။

ကြီးလေးသော အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသဖြင့် အဆိုပါ တရားစီရင်မှုသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည်ဟု စစ်ကော်မရှင်က ဝန်ခံသည်။

ဂမ်ဘီယာနိုင်ငံ၏ ပထမအကျော့ လျှောက်လဲချက်များအပြီး ဇန်နဝါရီလ ၁၆ ရက်မှစ၍ စစ်ကော် မရှင်အနေဖြင့် ဂမ်ဘီယာ၏ စွပ်စွဲချက်များသည် အချက်အလက်အရနှင့် ဥပဒေကြောင်းအရ မှန် ကန်မှုရှိသော အချက်အလက်များမဟုတ်ဟု ခိုင်မာသည့်သက်သေအထောက် အထား အစုံအလင်ဖြင့် တရားရုံးသို့ လျှောက်လဲသွားမည်ဖြစ်ပြီးတရားရင်ဆိုင်နေစဉ်အတွင်း တရားရုံးပြင်ပ၊ အထူးသဖြင့် နိုင်ငံတကာ မီဒီယာရှေ့၌ ငြင်းခုံနေမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် တရားစီရင်မှုအပေါ် မျှော်လင့်ချက် ကြီးမားစွာထားရှိကြောင်းလည်း ဆိုသည်။

“အခုဂမ်ဘီယာနိုင်ငံရဲ့လျှောက်လဲချက်ထဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုပါ ထပ်ကျူးလွန်ပြီး တစ်နိုင်ငံလုံးကို အ ကြမ်းဖက်နေတယ်လို့ ပြောကြားလိုက်တာက မင်းအောင်လှိုင်အတွက် နိုင်ငံတကာအလယ်မှာ အ ကြမ်းဖက်စစ်ခေါင်းဆောင်ကြီးအဖြစ် အရေးကြီးတဲ့ ထိုးနှက်ခံရခြင်းပဲ”ဟု မုံရွာအခြေစိုက် တက်ကြွ လှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ICJတရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားရေးဝန်ကြီးက လျှောက်လဲရာ၌ ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်စဉ်က စစ်တပ်ကို အမိန့်ပေးခဲ့သည့် မင်းအောင်လှိုင်သည် အရပ်သားအစိုးရကို ထပ်မံအာ ဏာသိမ်းကာ မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်နေကြောင်းလည်း ဆိုသည်။

ဇန်နဝါရီ၁၆ရက်မှစတင်ကာ စစ်ကော်မရှင်ခန့် ပြည်ထောင်စုဝန်ကြီး ကိုကိုလှိုင်နှင့် ရှေ့နေချုပ်သီတာ ဦးတို့က ဦးဆောင်လျှောက်လဲကြရမည်ဖြစ်သည်။