လူငယ်တွေရဲ့ ရခိုင်ပြည်ထောင်ဖွဲစည်းပုံအခြေခံဥပဒေမူကြမ်းကို ချပြလာ

ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာညှိနှိင်းရေးဆွဲရေးအဖွဲ(ANPCC)က ရေးဆွဲတဲ့ အနာဂါတ် ရခိုင်ပြည်ထောင် ဖွဲစည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံမဲဆောက်မြိုမှာ စက်တင်ဘာလ ၇ ရက် မနေ့က ပြုလုပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က နိုင်ငံ့ငြိမ်းချမ်းရေးဖြစ်စဉ်အရ ရခိုင်ပြည်သူတွေရဲ့အသံကို ဖော်ထုတ်နိုင်ဖိုအတွက် အခုဥပဒေမူကြမ်းကို ANPCC ကမကထလုပ်ပြီး နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲနဲ့ အရပ်ဘက်အဖွဲအစည်း စတဲ့အစုအဖွဲတွေနဲ့ ပူးပေါင်းပြီး စတင်လုပ်ဆောင်ခဲ့တာပါ။