ဖမ်းဆီးခံ BNRA တပ်မှူးဟောင်းနှစ်ဦး မျက်လုံးဖောက်ထုတ်ရှင်းလင်းခံရဟုဆိုသော သတင်းအမှား

ဖမ်းဆီးခံထားရသော BNRA တပ်မှူးဟောင်းနှစ်ဦးကို NUG က မျက်လုံးဖောက်ထုတ်ရှင်းလင်းခဲ့ဟု စစ်တပ်လော်ဘီများက သတင်းအမှားဖြန့်ဝေနေကြသည်။

“ရွှေဘ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဖေဖော်ဝါရီ ၁၉ရက် ညပိုင်းတွင် “ဗိုလ်နဂါးအောက်က BNRA တပ်မှူးတွေဖြစ်တဲ့ သုဘရာဇာ နဲ့ သခင်ဒေါင်းညိုဆိုတဲ့ လက်ရုံး၂ယောက်ကို အကြမ်းဖက် NUG က မျက်လုံးဖောက်ထုတ်ရှင်းလင်းလိုက်တယ်လို သိရပါတယ်” ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/TeA0f

အဆိုပါ သတင်းအမှားကို အခြားသော စစ်တပ်လော်ဘီ ချန်နယ်များက ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

Ka Ka Han – https://archive.ph/SzAbw
ရွှေဘ – https://archive.ph/Zuy4p
Min Din – https://archive.ph/UCOVM

စစ်တပ်လော်ဘီများက BNRA တပ်မှူးနှစ်ဦးကို မျက်လုံးဖောက်ထုတ်ရှင်းလင်းဆိုသော အကြောင်းအရာကို MPA Fact-check team က အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google တွင် “BNRA သုဘရာဇာ၊ ဒေါင်းညို” ဟု ရေးသားရှာဖွေရာ ယုံကြည်စိတ်ချရသော သတင်းမီဒီယာများ က ၎င်းတို့နှစ်ဦး အသက်ရှင်လျက်ရှိနေကြောင်း သတင်းဖော်ပြထားကြသည်။

သတင်းများတွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော သုဘရာဇာနဲ့ ဒေါင်းညိုတို့ဟာ အသက်ရှင်လျက်ရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ရုပ်သံဖိုင်နှင့်အတူ ဖော်ပြထားကြသည်။

သတင်းလင့်ခ်များ

DVB – https://bitly.cx/AdWR5
People’s Spring – https://bitly.cx/eKdw
Irrawaddy Burmese – https://bitly.cx/7ZEM

သုံးသပ်ချက်

BNRA အဖွဲ့ခေါင်းဆောင် ‌ဗိုလ်နဂါးသည် စစ်ကော်မရှင်တပ်ထံ လက်နက်ချခဲ့သည်။

ယင်းနောက် BNRA အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များကို NUG လက်အောက်ခံ PDF များက သတ်ဖြတ်ကြကြောင်း စစ်တပ်လော်ဘီများက သတင်းအမှားဖြန့်ဝေခဲ့ခြင်းသည်။

ထို့ကြောင့် BNRA တပ်မှူးနှစ်ဦးကို NUG က မျက်လုံးဖောက်ထုတ်ရှင်းလင်းဟု ဖြန့်ဝေနေခြင်းသည် ဖြစ်စဉ်အမှန်ကို ပုံဖျက်ထားသော သတင်းအမှားသာ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။