ရန်ကုန်မြို့တွင် ရာမဇာန်ဥပုသ်လ စတင်ခြင်းနှင့် ဝါဖြေမုန့်ဈေးတန်း မြင်ကွင်းများ

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ရာမဇာန်ဥပုသ်လ စတင်ပြီဖြစ်သောကြောင့် ရန်ကုန်မြို့ရှိ ဗလီအသီးသီးတွင် ဝတ်ပြုဆုတောင်းသူများနှင့် စည်ကားလျက်ရှိသည်။

အထူးသဖြင့် ရန်ကုန်မြို့လယ် ဗိုလ်ဆွန်ပက်လမ်းရှိ ဝါဖြေမုန့်ဈေးတန်းမှာ ရာမဇာန်လတိုင်း ထင်ရှားသည့်အတိုင်း အစားအစာမျိုးစုံဖြင့် ပြန်လည်သက်ဝင်လာခဲ့သည်။

အစ္စလာမ်ဘာသာဝင်တို့သည် ယနေ့မှစတင်ကာ မတ်လ ၂၀ ရက်နေ့အထိ တစ်လတိတိ အရုဏ်တက်ချိန်မှ နေဝင်ချိန်အထိ အစားအစာနှင့် ရေရှောင်ကြဉ်ကာ ဥပုသ်သီလဆောက်တည်ကြမည်ဖြစ်သည်။