အရပ်သားကားကို စစ်တပ် ဒရုန်းဖြင့်ပစ်ခတ်ပြီး KNU နှင့် PDF လက်ချက်ဟု သတင်းအမှားဖြန့်

မြဝတီမြို့တွင် DKBA နှင့် အရပ်သား ကားများကို KNU နှင့် PDF တို့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက် ဆိုသည့် သတင်းအမှား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“ဒီဂျစ်တယ်နေ့စဉ်” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဖေဖော်ဝါရီ ၂၅ ရက် နေ့လည် ၁ နာရီ ၂၀ မိနစ်တွင် မြဝတီမြို့ တောင်ဘက် ဖလူး-မဲကနယ် တောလမ်းတစ်နေရာတွင် DKBA တပ်ဖွဲ့ဝင်ကားနှင့် အရပ်သား ကားများကို KNU နှင့် PDF များက ဒရုန်းဖြင့် လိုက်လံပစ်ခတ်ရာ ငါးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို “Kyaw Swar, Snow Queen” အပါအဝင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ ကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/fJOPY
Kyaw Swar – https://archive.ph/65NF4
Snow Queen – https://archive.ph/MFMkb

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “KIC” မီဒီယာက ဖော်ပြထားသော ဓာတ်ပုံ နှင့် ထပ်တူညီနေသည်။

KIC မီဒီယာ တွင် ဖေဖော်ဝါရီ ၂၄ ရက်က မြဝတီမြို့တောင်ဘက်၊ ဖလူး-မဲကနယ် တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ( DKBA ) တပ်ဖွဲ့ဝင်ကားနှင့် အရပ်သား ကား များကို စစ်တပ်က ဒရုန်းဖြင့် လိုက်လံပစ်ခတ်ရာ ငါးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံး သူများထဲတွင် DKBA တပ်ဖွဲ့ဝင် နှစ်ဦး နှင့် အရပ်သား သုံးဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/m9j3O

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ဖလူး မဲကနယ် ကား ဒရုန်းဖြင့် တိုက်ခိုက်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “မောင်း၊ ရှမ်းနီအသံ၊ သံလွင်ခက်” အပါအဝင် အခြား မီဒီယာများတွင် သတင်းရေးထား သည်။

သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၂၄ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၊ ဖလူး-မဲကနယ် တောလမ်းတစ်နေရာတွင် စက်ပျက်နေသည့် အရပ်သားကားတစ်စီးပေါ်ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ သောကြောင့် DKBA တပ်ဖွဲ့ဝင်များနှင့် အရပ်သား စုစုပေါင်း ငါးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း၊ ဖလူး-မဲကနယ် တောလမ်းတစ်နေရာတွင် အရပ်သားကားတစ်စီး စက်ပျက်နေ၍ DKBA တပ်ဖွဲ့ဝင်များက ကားဆင်းတွန်းပြီး ကူညီပေးနေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>
မောင်း – https://bitly.cx/MvXAX
ရှမ်းနီအသံ – https://bitly.cx/Vmae0
သံလွင်ခက် – https://bitly.cx/FCS8D

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-မဲကနယ် တောလမ်းတစ်နေရာတွင် စက်ပျက်နေသည့် အရပ်သားကားကို DKBA တပ်ဖွဲ့ဝင်များက ကူညီပေးနေစဉ် စစ်တပ်က ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ငါးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဒရုန်းဖြင့်ပစ်ခတ်သူမှာ စစ်ကော်မရှင်တပ် ဖြစ်ကြောင်း တွေ့ရသည်။

ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “အရပ်သားကားကို KNU နှင့် PDF များက ဒရုန်းဖြင့် တိုက်ခိုက်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရက် အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။