WY စိတ်ကြွဆေးပြားဈေးကွက်သည် နိုင်ငံတစ်ဝန်းတွင် တရားဝင်သဖွယ် ဖြစ်နေသော် လည်း မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေသူများမှာ လွတ်ငြိမ်းသက်သက်ခွင့်ပင် မရကြောင်း သိရသည်။
ယနေ့(မတ်၂ရက်)လွတ်ငြိမ်းခွင့်တွင် ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်း သက်သာခွင့်ပြုရာ၌ လူသတ်၊မုဒိမ်း၊လက်နက်မှု၊မူးယစ်ဆေး၊သဘာဝဘေး၊အဂတိမှု စသည့် ပြစ်မှုများဖြင့် ထောင်ဒဏ်ကျခံနေသူများ မပါကြောင်း စစ်ကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။
“မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင် လွတ်ငြိမ်းသက်သာခွင့်တောင် မပေးတဲ့အထိ သူတို့(စစ်ကော်မ ရှင်)တိုက်ဖျက်နေပါတယ်ဆိုတဲ့ အချိုးမျိုး လုပ်ပြတာပါ”ဟု ရန်ကုန်အခြေစိုက် စာပေလောကသား တစ်ဦးက MPAသို့ပြောသည်။
မြန်မာနိုင်ငံရှိ စစ်ကော်မရှင် ထိန်းချုပ်ထားသော မြို့တိုင်းတွင် WY စိတ်ကြွဆေးပြား ရောင်းဝယ် ဖောက်ကားမှုမှာ အအောင်မြင်ဆုံးဖြစ်ပြီး ရန်ကုန်မြို့စွန် နေရာအချို့တွင် လိုင်စင်ရသဖွယ် အလုံးအ ရင်းဖြင့် ရောင်းနေကြကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။
“အကုန်လိုင်းကြေးပေးပြီး လုပ်နေကြတာပဲ။နယ်မြေခံစစ်တပ်၊ပျူ၊ရဲ၊အုပ်ကြီး လိုင်းကြေးယူပြီး ရောင်းခွင့်ပေးထားတာ အားလုံးသိတဲ့လျှို့ဝှက်ချက်ပဲ။သာကေတက ဝက်စုတို့လိုနေရာမျိုးဆို တော် တော်များတယ်၊ရောင်းကြတာ။မူးယစ်မှုနဲ့ အဖမ်းခံရတယ်ဆိုတာက လိုင်းကြေးမပေးဘဲ လုပ်နေတဲ့ အဖျားအနားကောင်တွေလောက်ပဲ”ဟု ၎င်းက MPAသို့ပြောသည်။
မူးယစ်မှုဖြင့် ထောင်ကျသူအများစုမှာ မူးယစ်ဆေးလက်ဝယ်တွေ့မှု ပုဒ်မ၁၆(ဂ)ဖြင့် အများဆုံးဖြစ်ပြီး ဒုတိယမှာ လက်လီရောင်းသူများ ဖြစ်ကာ အနည်းဆုံးမှာ လက်ကြီးသမားတို့ ဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီ၄ရက်က လွတ်ငြိမ်းခွင့်ရခဲ့သူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်ခ် ပေါ် ရေးသားထားသည်။
အင်းစိန်ထောင်တွင်း မူးယစ်မှုဖြင့် ထောင်ကျနေသူအချို့၏အဆိုအရ ရပ်ကွက်တွင်း၊ ဘားနှင့် နိုက်က လပ်တို့တွင် မူးယစ်ဆေး အလွယ်တကူ ဝယ်၍ရပြီး အရေအတွက်များများ ဝယ်ပါက လာပို့ပေး ကြောင်းလည်း ဦးရဲထွဋ်က ရေးသားထားသည်။
မူးယစ်ဆေးလက်ဝယ်တွေ့မှုဖြင့် ထောင်ကျနေသူအများစုမှာ အသက်၂၀နှင့် ၃၅နှစ်ကြား လူငယ်များ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
