မြန်မာစစ်တပ်နှင့် ဆက်စပ်လူပုဂ္ဂိုလ် ၁၀၅ ဦးနှင့် လုပ်ငန်း ၂၂ ခုတို့ကို ဥရောပသမဂ္ဂ (အီးယူ) က အရေးယူပိတ်ဆို့မှု သက်တမ်း တစ်နှစ်ထပ်တိုးလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်နေ၍ အရေးယူပိတ် ဆို့မှုသက်တမ်းကို ၂၀၂၇ခုနှစ်၊ဧပြီ၃၀ရက်အထိ နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် ဥရောပသမဂ္ဂ ကောင်စီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“အာဏာသိမ်းစစ်တပ်က ခေါင်းပေါင်းစွပ်ပြီး အရပ်သားအစိုးရအယောင်ဆောင်လိုက်ပေမဲ့ အဲဒါတွေ ဟာ အလိမ်အညာတွေဖြစ်ကြောင်း ဆန်ရှင်တစ်နှစ်ထပ်တိုးခြင်းနဲ့ အီးယူက ဖော်ပြလိုက်တာပဲ။ကြို ဆိုရပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
အီးယူက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ခံရသူများမှာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ပိုင်းနှင့် ဆက် စပ်နေသူများနှင့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။
စစ်အာဏာရှင်များအပေါ် ဖိအားပေးမှုကို ဆက်လက်ထိန်းသိမ်းထားရန် ကြိုးပမ်းမှုအဖြစ် ဥရောပသ မဂ္ဂကောင်စီက ယနေ့(ဧပြီ၂၇ရက်)တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
