ကလေးများနှင့် ပြည်သူများကို စစ်တပ် ဗုံးကြဲသတ်ဖြတ်ပြီး PDF များဟူ၍ သတင်းအမှားဖြန့်နေ

ပဲခူးတိုင်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်ရှိ ဖြူးနှင့် ထန်းတပင်မြို့နယ်တို့ရှိ ပြည်သူများကို စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲသတ်ဖြတ်ခဲ့ပြီး PDF များဟူ၍ စစ်လော်ဘီများက သတင်းအမှားဖြန့်ဝေနေကြသည်။

စစ်တပ်လော်ဘီ “ကိုလှရွှေ(သတင်းမှန်)” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မေ ၈ရက် နံနက် ၁၀နာရီကျော်တွင် သတင်းအမှားကို ဖြန့်ဝေထားခြင်း ဖြစ်သည်။

သတင်းအမှားထဲတွင် ထန်းတပင်မြို့နယ်ရှိ ကျေးရွာများတွင် PDF များ စုဖွဲ့ရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ လေကြောင်း ဗုံးကြဲခဲ့ရာ PDF အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း Border News Agency သတင်းကို Screenshot ရိုက်ကူး၍ ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/hv2f4

အဆိုပါ သတင်းအမှားကို အခြားသော စစ်တပ်လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှု များပြား နေသည်။

သတင်းအမှားလင့်ခ်များ

တိုက်ပွဲသတင်းစုံ – https://archive.ph/6QWQv
Snow Queen – https://archive.md/xT81d

စစ်တပ်လော်ဘီများ ဖြန့်ဝေနေသော အကြောင်းအရာကို MPA Fact-Check team က အချက်အလက်စစ်ဆေး ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google တွင် “ပဲခူးတိုင်း ထန်းတပင်မြို့နယ်တွင် စစ်တပ်ဗုံးကြဲ”ဟု ရေးသားရှာဖွေရာ စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်းဖြစ်စဉ်အပြည့်အစုံကို ရေးသားဖော်ပြထားကြသည်။

သတင်းများတွင် ပဲခူးတိုင်း၊ ဖြူးနှင့် ထန်းတပင်မြို့အပိုင်တွင်ရှိသော စစ်တောင်းမြစ်အရှေ့ခြမ်းက သစ် ချောက်ခင်၊ ရှားပင်ရှောင်နှင့် ဘွားအေစုရွာတို့ကို မေ ၇ ရက် မွန်းလွဲပိုင်းတွင် စစ်တပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အသက်မပြည့်သေးသော ကလေး သုံးဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ငါးဦးရှိကြောင်း၊ စစ်တပ်ကဗုံးကြဲသဖြင့် ​ဒေသခံပြည်သူ​များက လှေဆိပ်သို့ ​ပြေးကြစဥ် ​လှေဆိပ် အရောက်၌ ဗုံးကြဲခံရခြင်းဖြစ်ကြောင်း သတင်းရေးသားဖော်ပြထားကြသည်။

ပြီးခဲ့သည့် မေလ ၃ ရက်တွင်လည်း ဘွားအေစု၊ ဇလုပ်ကြီး နှင့် ငါးဆီးလှောင် ကျေးရွာများကို စစ်တပ်က ဂျိုင်ရို ကော်ပတာ(Gyrocopter)ဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ဆယ်လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်းလင့်ခ်များ

BBC – https://bitly.cx/7qsBm
People’s Spring – https://bitly.cx/J2r2H
RFA – https://bitly.cx/dOlpC

သုံးသပ်ချက်

သတင်းမီဒီယာများတွင် စစ်တပ်၏လေကြောင်း တိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသော ကလေး သုံးဦး အပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

စစ်တပ်လော်ဘီများက PDFများကို ဗုံးကြဲတိုက်ခိုက်ဟု တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖြန့်ဝေနေခြင်း သည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။