မင်းတပ်မြို့ ဗုံးကြဲခံရမှုတွင် စစ်တပ်လော်ဘီများ အချက်အလက်အမှားများ ဖြန့်နေ

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF ၄၀ ကျော် သေဆုံး ဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်တွင် ပျံ့နှံ့လျက်ရှိသည်။

စစ်တပ်လော်ဘီ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မေ ၁၃ရက် ည ၁၀နာရီကျော်တွင် သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။

မေ ၁၂ရက်တွင် မင်းတပ်၌ PDF ၄၀ကျော် သေဆုံးခဲ့ကြောင်း၊ မေ ၁၃ရက်တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံး ထပ်မံကြဲချ တိုက်ခိုက်ကြောင်း ဖြန့်ဝေထားခြင်းဖြစ်သည်။

သတင်းအမှားလင့်ခ် – https://bitly.cx/6tBba

အခြားသော လော်ဘီချန်နယ်များက ကူးယူ ဖြန့်ဝေနေကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

နောင်ရိုးဟစ်တိုင် – https://archive.ph/kTk9j
Truth Media – https://bitly.cx/Wy9En

စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော မင်းတပ်ဗုံးကြဲမှုအကြောင်း MPA fact-check team က အချက်အလက် စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google တွင် “မင်းတပ်မြို့ စစ်တပ်ဗုံးကြဲမှု” ဟု ရေးသားရှာဖွေရာ ဒေသတွင်းမီဒီယာများနှင့် စိတ်ချယုံကြည်ရ သော သတင်းမီဒီယာများက သတင်းဖော်ပြထားကြသည်။

သတင်းများတွင် မင်းတပ်မြို့နှင့် အနီးတဝိုက်ပစ်မှတ်ထား၍ စစ်တပ်က မေ ၁၁ရက်နှင့် မေ ၁၂ရက်တို့တွင် နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း အပါအဝင် လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ အရပ်သားနေအိမ် ၁၅လုံး၊ ရုံး အဆောက်အဦး ၁၀လုံး၊ နှင့် ကား လေးစီး ထိခိုက်ပျက်စီးမှုများ ရှိပြီး၊ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ်အထိရှိခဲ့ ကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်မှု ကိုးကား၍ သတင်းရေးသားထားကြသည်။

သတင်းလင့်ခ်များ

သံလွင်ခက် – https://bitly.cx/BwpND
RFA – https://bitly.cx/xJgVU
Burma VJ – https://bitly.cx/jnOP

သုံးသပ်ချက်

သတင်းများအရ မင်းတပ်မြို့နှင့် အနီးတဝိုက်ကို စစ်တပ်က မေ ၁၁ရက်နှင့် ၁၂ရက်တို့တွင် ဗုံး ၁၁လုံး ကြဲချတိုက် ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် စစ်တပ်၏ စစ်သုံ့ပန်းနှင့် အရပ်သား လေးဦး သေဆုံးခဲ့သည်။

စစ်တပ်လော်ဘီများ ဖြန့်ဝေထားသကဲ့သို့ PDF ၄၀ ကျော် သေဆုံးဟု ဖြန့်ဝေထားခြင်းသည် သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။