၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ အမှားပြင်ဆင်ခွင့်မရှိတော့တဲ့ ရှုံးထွက် ၁၆ သင်းအဆင့် (Round of 16) ဆီကို ရောက်ရှိလို့ လာခဲ့ပါပြီ။ ၃၂ သင်းအဆင့် အကြိတ်အနယ်ပွဲစဉ်တွေအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်လို့ ရှေ့က စစ်မြေပြင်ကြီးကို နောက်တစ်ဆင့်တက်တဲ့အသင်းအားလုံး ကျော်ဖြတ်ရပေးဦးတော့မယ်။ အသင်းတွေလျော့လာတာနဲ့အတူ ပွဲစဉ်တွေလည်း လျော့လာပါတယ်။ ဒီအဆင့်အတွက် တစ်ရက် ၂ ပွဲပဲ ယှဉ်ပြိုင်ဖို့ရှိနေပါတော့တယ်။ ဒါကြောင့် လေးနှစ်မှတစ်ကြိမ် ခံစားရတဲ့ ကမ္ဘာ့ဖလားပွဲကြီးရဲ့ အဆုံးသတ်ဆီကို တရွေ့ရွေ့သွားနေတာမှာ ဇာတ်ရှိန်အတော်လေး မြင့်တက်နေပြီလို့ ပြောရပါမယ်။ ၁၆ သင်းအဆင့်ကို ပွဲဦးထွက်လာကြမှာကတော့ ပူးတွဲအိမ်ရှင်တစ်သင်းဖြစ်တဲ့ ကနေဒါနဲ့ မော်ရိုကိုတို့ရဲ့ ပွဲစဉ်ဖြစ်ပါတယ်။ နောက်တစ်ပွဲကတော့ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး ပြင်သစ်အသင်းနဲ့ ပါရာဂွေးအသင်းတို့ပွဲစဉ်ပါ။ မြောက်အမေရိက၊ အာဖရိက၊ တောင်အမေရိကနဲ့ ဥရောပ ထိပ်သီးတို့ရဲ့ မာဂုဏ်ပြိုင်ပွဲကြီးမှာ ဘယ်အသင်းတွေက ၈ သင်းအဆင့် (Quarter-finals) ဆီ အရောက်လှမ်းနိုင်မလဲဆိုတာ MPA ရဲ့ ဗျူဟာမြောက် ပွဲကြိုသုံးသပ်ချက်တွေနဲ့အတူ အသေးစိတ် လေ့လာကြည့်လိုက်ရအောင်ပါ။
(၁) ကနေဒါနဲ့ မော်ရိုကို (ဇူလိုင် ၄၊ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ)
ဒီပွဲစဉ်အတွက် လက်ရှိခြေစွမ်းနဲ့ ကစားဟန် ကို အရင်ဆုံးလေ့လာကြည့်ရရင် ကနေဒါကတော့ အိမ်ရှင်အဖြစ် ကစားရတဲ့ အရှိန်အဟုန်၊ ကွင်းတွင်းအားသာချက် (Atmosphere Advantage) ကို အပြည့်အဝ အသုံးချပြီး အုပ်စုအဆင့်နဲ့ ၃၂ သင်းအဆင့်တွေကို ဖြတ်ကျော်လာခဲ့တာပါ။ သူတို့ရဲ့ ကစားဟန်က ကွင်းလယ်နဲ့ တောင်ပံတွေကနေတစ်ဆင့် အမြန်နှုန်းပြင်းပြင်းနဲ့ အသွင်ကူးပြောင်း တိုက်စစ်ဆင်တတ်တဲ့ (Fast Transition) ပုံစံမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့ ၃၂ သင်းအဆင့်မှာတော့ တောင်အာရိကကို နောက်ဆုံးမိနစ်အသည်းခွဲဂိုးနဲ့ အနိုင်ယူပြီး ၁၆ သင်းအဆင့်ကို ရောက်ရှိလာခဲ့တာပါ။
မော်ရိုကိုကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့တဲ့ သမိုင်းကြောင်းရှိပြီး အတွေ့အကြုံရင့် ကျစ်လျစ်တဲ့ အသင်းပါ။ ကစားဟန်ကတော့ ခံစစ်ကို ကျောက်ဆောင်လို စနစ်တကျ ပိတ်ဆို့ပြီးမှ ကွင်းလယ်အဖြတ်အတောက်ကတစ်ဆင့် တန်ပြန်တိုက်စစ် (Counter-attack) နဲ့ ရုတ်တရက် ဂိုးရှာတတ်တဲ့ အာဖရိကရဲ့ ထိပ်သီးအသင်း ဖြစ်ပါတယ်။ နယ်သာလန်ကို အပေါ်စီးကကစားနိုင်ခဲ့ပေမဲ့ အချိန်ပိုအထိ ၁ ဂိုးစီသရေကစားပြီး ပင်နယ်တီနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒီနှစ်သင်း သမိုင်းတစ်လျှောက် နှစ်ကြိမ်တွေ့ဆုံဖူးတာမှာ မော်ရိုကိုကချည်း အနိုင်ပိုင်းထားပါတယ်။
တစ်ဖက်က လူစာရင်းကိုယှဉ်မယ်ဆိုရင်တော့ ကနေဒါအသင်းမှာ အယ်လ်ဖွန်းဆို ဒေးဗီးစ်လိုမျိုး ကမ္ဘာ့အဆင့် အမြန်နှုန်း အမြင့်ဆုံး တောင်ပံလူ ပါဝင်နေတာကြောင့် မော်ရိုကိုအသင်းရဲ့ ခံစစ်စင်္ကြံတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။
မော်ရိုကိုအသင်းမှာတော့ PSG နဲ့ နိုင်ငံအသင်းခေါင်းဆောင် ဟာကီမီလိုမျိုး ဥရောပထိပ်သီးအဆင့် ဝါရင့်နောက်ခံလူတွေနဲ့အတူ ရီးရဲလ်က ဘရာဟင်၊ ဘိုင်ယန်က လောလောလတ်လတ်ခေါ်ထားတဲ့ ဆိုင်ဘာရီလို ထိပ်တန်းအဆင့်ရှိကစားသမားတွေနဲ့ စုဖွဲ့ထားပြီး ကွင်းလယ်နဲ့ ခံစစ်အချိတ်အဆက် ပိုမိုကျစ်လျစ်တာကြောင့် ကနေဒါလူငယ်တွေရဲ့ အရှိန်ကို အတွေ့အကြုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားလာမှာပါ။
ဒီပွဲစဉ်အတွက် နိုင်ခြေရာခိုင်နှုန်းတွေကို ချဉ်းကပ်ကြည့်ရမှာတော့ အိမ်ရှင် ကနေဒါက နိုင်ခြေ ၃၈ ရာခိုင်နှုန်းရှိနေပြီး၊ မော်ရိုကိုကတော့ နိုင်ခြေ ၃၅ ရာခိုင်နှုန်းရှိနေပါတယ်။ ပုံမှန်ပွဲချိန်အတွင်း သရေကျနိုင်ခြေကတော့ ၂၇ ရာခိုင်နှုန်း ရှိပြီး အလွန် ကပ်သီးကပ်သတ် ဖြစ်နေပါတယ်။
ဘွတ်ကီဒိုင်တွေရဲ့ ကြေးလိုင်းကလည်း အိမ်ရှင် ကနေဒါကို အနည်းငယ်သာ အလေးပေးထားပြီး ဘယ်သူ့ကိုမှ ပြတ်ပြတ်သားသား အလေးမသာဘဲ ၅၀-၅၀ တူတူတန်တန်ပဲ ဖွင့်လှစ်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နယ်သာလန်-မော်ရိုကို ပွဲကို ပြန်အမှတ်ရစေပါတယ်။ နယ်သာလန်ကို ကြေးအနည်းငယ်ပိုထားပေမဲ့ မော်ရိုကိုက အပေါ်အသင်းလို မြေပြင်ကွင်းထဲမှာ ကစားပြခဲ့တာပါ။ ဒီပွဲလည်း မြေပြင်မှာ အဲဒီလိုဖြစ်လာနိုင်တာ သတိမမေ့ကြစေချင်ပါဘူး။
ဒါကြောင့် ဒီပွဲအတွက် MPA ရဲ့ ကောက်ချက်ကတော့ အိမ်ရှင် ကနေဒါတို့ ပရိသတ်အင်အားနဲ့ ဖိအားပေး တိုက်စစ်ဆင်မှာဖြစ်ပေမဲ့ စုဖွဲ့မှုကောင်းပြီး အချိတ်အဆက်မိတဲ့ မော်ရိုကိုက ပိုမိုရင့်ကျက်ပါတယ်။ အမှားမခံတဲ့ ပွဲဦးထွက်ဖြစ်လို့ ပွဲက ကြမ်းတမ်းပြီး ဂိုးနည်းတဲ့ ဂိုးအောက် ပွဲမျိုး ဖြစ်သွားဖို့ ရာခိုင်နှုန်း မြင့်မားနေပါတယ်ဆိုပေမဲ့ နောက်တစ်ဆင့်အတွက်ဆိုရင်တော့ မော်ရိုကိုကိုပဲရွေးထားချင်ပါတယ်။
ခန့်မှန်းရလဒ်: ကနေဒါ ၀ – ၁ မော်ရိုကို (မိနစ် ၉၀ အတွင်း သရေကျပြီး အချိန်ပိုရောက်ရင်တောင် မော်ရိုကိုပဲ နိုင်သွားနိုင်ပါတယ်။)
(၂) ပါရာဂွေးနဲ့ ပြင်သစ်(ဇူလိုင် ၅၊ မြန်မာစံတော်ချိန် နံနက် ၃ နာရီခွဲ)
လက်ရှိခြေစွမ်းနဲ့ ကစားဟန်ကို နှိုင်းယှဉ်လေ့လာကြည့်မယ်ဆိုရင် ပါရာဂွေးဟာ တောင်အမေရိကဇုန်ကနေ ခက်ခက်ခဲခဲ တက်လှမ်းလာခဲ့ပြီး ခံစစ်မာကျောမှုကို အဓိက အသက်သွေးကြောအဖြစ် အသုံးပြုတဲ့ အသင်းပါ။ သူတို့ရဲ့ ကစားဟန်က ကိုယ်ကာယ ကြံ့ခိုင်မှုကြမ်းတမ်းပြီး ပြိုင်ဘက်ရဲ့ ကစားကွက် ပျက်ပြားအောင် ဘတ်စ်ကားပိတ်ကွက်ဗျူဟာနဲ့ ခံစစ် Low Block သုံးပြီး ရင်ဆိုင်ကစားလေ့ရှိပါတယ်။ ဒီပွဲမှာလည်း ဒီကစားကွက်ကိုပဲ သုံးလာနိုင်ပါတယ်။
ပြင်သစ်ကတော့ ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်ဖို့ အားခဲထားတဲ့ ကမ္ဘာ့ထိပ်သီး နံပါတ် ၁ အသင်းကြီး ဖြစ်ပါတယ်။ ကစားဟန်ကတော့ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် ရယူပြီး တောင်ပံနှစ်ဖက်ရဲ့ တစ်ကိုယ်တော် စွမ်းရည်၊ လျင်မြန်တဲ့ ကွက်လပ်ရှာ တိုက်စစ်ဆင်မှုတွေနဲ့ ဂိမ်းတစ်ခုလုံးကို စိတ်ကြိုက် ထိန်းချုပ်မယ့် ပုံစံမျိုးပါ။
စာရွက်ပေါ်က လူစာရင်းကတော့ ဒီနှစ်သင်းကြား အပြတ်အသတ်ကို ကွာဟနေပါတယ်။ ပါရာဂွေးအသင်းမှာ ဥရောပအဆင့် နာမည်ကြီး စူပါစတားတွေ မရှိပေမဲ့ ခံစစ်ကစားသမားတွေရဲ့ စုစည်းမှုနဲ့ အာခံလိုတဲ့ စိတ်ဓာတ် (Team Spirit) က အမြင့်ဆုံးမှာ ရှိနေပါတယ်။
တစ်ဖက်က ပြင်သစ်အသင်းကတော့ ကီလီယန် အမ်ဘာပေအပါအဝင် လူစာရင်းပိုင်းမှာ အပြတ်အသတ် အားသာနေပြီး ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းက ပါရာဂွေးထက် အဆင့်အတန်း အများကြီး ကွာခြားနေပါတယ်။
ဒီပွဲမှာ ပြင်သစ်အသင်း နိုင်ခြေက ထုံးစံအတိုင်း မြင့်မားနေတာတွေ့ရပါတယ်။ နိုင်ခြေ ၆၅ ရာခိုင်နှုန်းအထိ အပြတ်အသတ် အလေးသာပေးထားပြီး၊ ပါရာဂွေး နိုင်ခြေကတော့ ၁၂ ရာခိုင်နှုန်းသာ ရှိပါတယ်။ သရေကျနိုင်ခြေကတော့ ၂၃ ရာခိုင်နှုန်းရှိပါတယ်။
လောင်းကစားဒိုင်တွေမှာ ပြင်သစ်က Heavy Favorite (အပြတ်အသတ် အလေးသာအသင်း) အဖြစ် ကြေးပေါက်နေပြီး ပြင်သစ်တို့ ဘယ်နှစ်ဂိုးနဲ့ ပွဲပြတ်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမယ့် အနေအထားပါ။
ဒီနှစ်သင်းတွေ့ဆုံမှုသမိုင်းကြောင်းအရတော့ ပြင်သစ်တို့ ရုန်းကန်ရလေ့ရှိပြီး ၅ ပွဲမှာ ၄ ပွဲအထိ မိနစ် ၉၀ အတွင်း သရေရလဒ်ထွက်ထားပါတယ်။ ၂၀၁၇ ချစ်ကြည်ရေးခြေစမ်းပွဲတုန်းကတော့ ပြင်သစ်က ၅ ဂိုးပြတ်နိုင်ထားပါတယ်။ ဒီပွဲမှာ သမိုင်းကပဲ စကားပြောသွားမလား။ ပြင်သစ်ရဲ့ လက်ရှိလူစာရင်းကပဲ အနိုင်ယူပြသွားမလား စောင့်ကြည့်ချင်စရာပါ။
MPA ရဲ့ ကောက်ချက်ကတော့ ပါရာဂွေးတို့ ပွဲစစချင်း ခံစစ်ပိတ်ပြီး ပြင်သစ်ကို အသည်းအသန် တားဆီးမှာ ဖြစ်ပေမဲ့ အမ်ဘာပေတို့ရဲ့ တိုက်စစ်စွမ်းရည်ကြောင့် အဖွင့်ဂိုး စောစောရသွားရင် ပါရာဂွေး ခံစစ်ပြိုလဲပြီး “ဂိုးပေါ်” ကြေး အောင်မြင်လာနိုင်တဲ့ ပွဲမျိုး ဖြစ်ပါတယ်။
ခန့်မှန်းရလဒ်: ပါရာဂွေး ၀ – ၂ ပြင်သစ် (သို့မဟုတ်) ပါရာဂွေး ၀ – ၃ ပြင်သစ်။
