ယာယီကာကွယ်ရေးစစ်ကြောင်း ၂ ခု မကွေးဖက်ဒရယ်ယူနစ်အစိုးရ ထပ်မံဖွဲ့စည်း

ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီးဌာန၊ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ
ပုံစာ- ဇွန်လအတွင်း မကွေးဒေသ၌ အောင်ပွဲခံခဲ့သော မှတ်တမ်းပုံများ။

မကွေးဖက်ဒရယ်ယူနစ်အတွင်း ယာယီကာကွယ်ရေးစစ်ကြောင်း၂ခုကို ထပ်မံတိုးမြှင့်ဖွဲ့စည်းလိုက် ကြောင်း ကြားကာလ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးဖက်ဒရယ်ယူနစ်အစိုးရ က ယနေ့(ဇူလိုင်၄ ရက်)သတင်းထုတ်ပြန်သည်။

မိမိတို့နယ်မြေအတွင်း လက်တလော ဖြစ်ပေါ်နေသော ရန်သူ့စစ်ကြောင်းများ၏ ကျူးကျော် တိုက်ခိုက်မှုများကို ပိုမိုထိရောက်စွာ ခုခံတွန်းလှန်နိုင်ရန်၊ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို အလေးထား ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပေါက်မြို့နယ် အခြေစိုက် စစ်ကြောင်း ၅ နှင့် မြိုင်မြို့နယ် အခြေစိုက် စစ်ကြောင်း၇ တို့ကို ထပ်မံဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသစ် ၂ကြောင်းသည် ယခင်ဖွဲ့စည်းပြီးဖြစ်သော ယာယီကာကွယ်ရေးစစ်ကြောင်း ၄ ကြောင်းနှင့် လက်တွဲပူးပေါင်းလျက် စစ်တပ် ရန်စွယ်ကို စုစည်းညီညွတ်စွာဖြင့် ခုခံတွန်းလှန်သွားမည် ဖြစ်ကြောင်းလည်းထုတ်ပြန်သည်။

ထို့အပြင် လိုအပ်ချက်များအရ စစ်ရေး၊ နိုင်ငံရေးအရ ဆက်လက်စုဖွဲ့မှုများကိုလည်း အရှိန်အဟုန်မြှင့် တင်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာန၊ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ထုတ်ပြန်သည်။

ဇွန်လတစ်ရက်က မကွေးဖက်ဒရယ်ယူနစ် ယာယီကာကွယ်ရေးစစ်ကြောင်း ၄ခုကို မကွေးဖက်ဒရယ် ယူနစ်အစိုးရက ဖွဲ့စည်းခဲ့သည်။

ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီးဌာန၊ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ

ပုံစာ- ဇွန်လအတွင်း မကွေးဒေသ၌ အောင်ပွဲခံခဲ့သော မှတ်တမ်းပုံများ။

မကွေးဖက်ဒရယ်ယူနစ်အစိုးရ #ယာယီကာကွယ်ရေးစစ်ကြောင်း #MPA