ဘရာဇီးလ်ခံစစ်ကို ဟာလန်း ဖျက်ဆီးမလား?
၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေဟာ ပိုမိုပြင်းထန်တဲ့ အရှိန်အဟုန်နဲ့အတူ ကမ္ဘာ့ဖလား ထိပ်တိုက်တွေ့ဆုံမှုကြီးတွေကို သယ်ဆောင်လာခဲ့ပါပြီ။ လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဧကရာဇ် ဘရာဇီးလ်အသင်းနဲ့ ဥရောပရဲ့ သွေးသစ်ဗိုက်ကင်းတွေဖြစ်တဲ့ နော်ဝေအသင်းတို့ရဲ့ စိန်ခေါ်မှုပွဲကြီးအပြင်၊ မြောက်အမေရိကမြေက အိမ်ရှင် မက္ကဆီကိုနဲ့ ခြင်္သေ့သုံးကောင် အင်္ဂလန်တို့ရဲ့ သွေးဆူစရာ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက်ကစားသွားဖို့ ရှိနေပါတယ်။ တစ်ဖက်က ကမ္ဘာ့အဆင့်ထိပ်သီးတွေဖြစ်ပြီး နောက်တစ်ဖက်ကလည်း ဘယ်သူ့ကိုမဆို ဖြုတ်ချနိုင်တဲ့ အားကောင်းမောင်းသန် ခြေတက်အသင်းတွေဖြစ်လို့ မနက်ဖြန်မနက်ပိုင်းမှာ ဘယ်သူတွေ ရှေ့ဆက်လျှောက်လှမ်းခွင့်ရမလဲဆိုတာ MPA ရဲ့ ဗျူဟာမြောက် ပွဲကြိုသုံးသပ်ချက်တွေနဲ့အတူ အသေးစိတ် ကြည့်ရှုလိုက်ကြရအောင်ပါ။
(၁) ဘရာဇီးလ်နဲ့ နော်ဝေ (ဇူလိုင် ၆၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီခွဲ)
ဒီနှစ်သင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ကစားဟန်ကို နှိုင်းယှဉ်လေ့လာကြည့်ရရင် ဆန်ဘာအနုပညာရှင် ဘရာဇီးလ်ကတော့ အုပ်စုအဆင့်မှာ ပတ်စ်ကစားဟန် လှပကျစ်လျစ်ပြီး တိုက်စစ်ပိုင်း အမြန်နှုန်းနဲ့ အလှည့်အပြောင်းတွေကို စိတ်ကြိုက်ပုံဖော်လာခဲ့တာပါ။ အထူးသဖြင့် ကွင်းလယ်နဲ့ တောင်ပံတွေကနေတစ်ဆင့် ပြိုင်ဘက်ခံစစ်ကို တစ်ကိုယ်တော်စွမ်းရည်တွေနဲ့ ထိုးဖောက်ဖျက်ဆီးတတ်တဲ့ ကစားဟန်မျိုး ရှိပါတယ်။
နော်ဝေကတော့ ဥရောပရဲ့ ထုံးစံအတိုင်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပိုင်းမှာ အပြည့်အဝ အားသာချက်ရှိပြီး တိုက်ရိုက်တိုက်စစ်ဆင်မှုနဲ့ ကွင်းလယ်ကနေ တစ်ဆင့် ဖြတ်တင်ဘောတွေကို ထိရောက်စွာ အသုံးချတတ်တဲ့ အသင်းပါ။
လူစာရင်းအရတော့ ဘရာဇီးလ်က စူပါစတားတွေ အစုံအလင်နဲ့ ကမ္ဘာ့အဆင့် အနက်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပြီး ဗီနီစီးယက်စ်၊ ကွန်ညာတို့ရဲ့ တိုက်စစ်က နော်ဝေခံစစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ ကွင်းလယ်က ဂွီမာရေး၊ ပါကွက်တာတို့ကလည်း တောင့်တင်းပါတယ်။
နော်ဝေမှာတော့ ဂိမ်းတစ်ခုလုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းစက်ကြီး အာလင်း ဟာလန်းနဲ့ ကွင်းလယ်ဖန်တီးရှင် အိုဒီဂတ်တို့ ရှိနေတာက ဘရာဇီးလ်ခံစစ်ကို ခြိမ်းခြောက်မယ့် အဓိက လက်နက်ကြီးပဲ ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့နိုင်ခြေပေးထားချက်တွေကို လေ့လာကြည့်ရာမှာတော့ ထုံးစံအတိုင်း Favorite အသင်းက ဘရာဇီးလ်ပဲဖြစ်နေတာတွေ့ရပါတယ်။ ဆမ်ဘာတွေရဲ့ နိုင်ခြေကို ၅၅ ရာခိုင်နှုန်းပေးထားပါတယ်။ နော်ဝေ နိုင်ခြေကတော့ ၂၂ ရာခိုင်နှုန်းပဲရှိပါတယ်။ သရေကျနိုင်ခြေကတော့ ၂၃ ရာခိုင်နှုန်း ရှိပြီး ဘရာဇီးလ်က အနည်းငယ် အသာစီး ရနေပါတယ်။ ဘွတ်ကီဒိုင်တွေရဲ့ ကြေးလိုင်းက ဘရာဇီးလ်ကို အလေးပေးထားပေမဲ့ ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် နော်ဝေကို အလျှော့ပေးလို့ မရတဲ့ အနေအထား ဖြစ်ပါတယ်။
ဒီပွဲစဉ်အတွက် MPA ရဲ့ ကောက်ချက်ကတော့ ဘရာဇီးလ်က ပွဲကို စိုးမိုးထားမှာ ဖြစ်ပေမဲ့ နော်ဝေရဲ့ ကာယပိုင်း ဖိအားပေးမှုနဲ့ ဟာလန်းရဲ့ Counter-attack ကြောင့် ဘရာဇီးလ်တို့ ခေါင်းခဲရမှာပါ။ အပြန်အလှန် ဂိုးသွင်းကြမယ့် “ဂိုးပေါ်” ပွဲစဉ် ဖြစ်လာဖို့ များပါတယ်။ ကြေးအရတော့ ဘရာဇီးလ်တို့ဘက်က အောင်နိုင်ခြေနည်းပြီး အောက်ကြေးစားမယ့်ပွဲလို့ ခန့်မှန်းထားချင်ပါတယ်။
ခန့်မှန်းရလဒ်: ဘရာဇီးလ် ၂ – ၁ နော်ဝေ သို့မဟုတ် အချိန်ပိုအထိ သွားနိုင်ပါတယ်။
(၂) မက္ကဆီကိုနဲ့ အင်္ဂလန်(ဇူလိုင် ၆၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ)
အရင်ဆုံး လက်ရှိခြေစွမ်းနဲ့ ကစားဟန်ကို ကြည့်ရရင် အိမ်ရှင် မက္ကဆီကိုက တစ်ကွင်းလုံး အုန်းအုန်းကျွက်ကျွက် အားပေးမယ့် ပရိသတ်အင်အား (Home Advantage) အပြည့်နဲ့ ကစားရမှာပါ။ ကစားဟန်ကတော့ အလွန်မြန်ဆန်ပြီး ကွင်းလယ်ကနေ ပြိုင်ဘက်ကို အဆက်မပြတ် ဖိအားပေး (High Pressing) ကစားတတ်တဲ့ ပုံစံမျိုး ရှိပါတယ်။
အင်္ဂလန်ကတော့ စနစ်တကျ ရှိပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကို ထိန်းချုပ်ကာ အနိုင်ရလဒ် ရှာဖွေတတ်တဲ့ ပုံစံပါ။ ဒါပေမဲ့ ပရိသတ်တွေရဲ့ ဖိအားအောက်မှာ ဘယ်လောက်အထိ တည်တည်ငြိမ်ငြိမ် ကစားနိုင်မလဲဆိုတာက စမ်းသပ်ချက် ဖြစ်လာပါလိမ့်မယ်။
နှစ်သင်းလူစာရင်းကို ကြည့်ရရင် မက္ကဆီကိုအသင်းမှာ စိတ်ဓာတ်ပိုင်း (Team Spirit) နဲ့ အရှိန်အဟုန်က အမြင့်ဆုံးမှာ ရှိနေပြီး အိမ်ကွင်းမှာ ဘယ်အသင်းကြီးကိုမဆို ဒုက္ခပေးဖို့ သွေးဆူနေကြပါတယ်။
လူစာရင်း အဆင့်အတန်းအရတော့ အင်္ဂလန်က ပွဲအခြေကို ပြောင်းလဲနိုင်စွမ်းမြင့်မားတဲ့ကစားသမား အများအပြားကို ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။ ဒါကို ကွန်ဂို DR နဲ့ပွဲမှာ ဟာရီကိန်းက သက်သေပြခဲ့ပါတယ်။ နောက်ထပ်လည်း ဘယ်လင်ဟမ်၊ ဆာကာ၊ ရိုက်စ် စတဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေ အစုံအလင် ပါဝင်နေတာကြောင့် တစ်ဦးချင်း စွမ်းရည်ပိုင်းမှာ အပြတ်အသတ် သာလွန်နေပါတယ်။ တူချယ်သာ ကွန်ဂိုနဲ့ပွဲမှာလို လူထုတ်ပုံမှားရင် အထုပ်အပိုးပိုက်ပြန်သွားရဖို့ ရှိနေပါတယ်။ လူစာရင်းနဲ့ ဗျူဟာ သေချာချပြီး ချဉ်းကပ်ရမယ့်ပွဲမျိုးပါ။
ဒီနှစ်သင်းရဲ့နိုင်ခြေမှာတော့ ပုံမှန်အတိုင်း အင်္ဂလန်တို့ အနည်းငယ်အသာရနေတာတွေ့ရပါတယ်။ သရေကျနိုင်ခြေက မြင့်နေပါတယ်။ အင်္ဂလန် နိုင်ခြေ ၄၈ ရာခိုင်နှုန်းပေးထားကြပြီး၊ မက္ကဆီကို နိုင်ခြေ ၂၆ ရာခိုင်နှုန်း၊ သရေကျနိုင်ခြေ ၂၆ ရာခိုင်နှုန်းရှိနေပါတယ်။
လောင်းကစားဒိုင်တွေရဲ့ ကြေးလိုင်းမှာ အင်္ဂလန်က Favorite ဖြစ်နေပေမဲ့ အိမ်ရှင်ဖိအားကြောင့် ဒိုင်တွေပါ သတိထားတွက်ချက်ထားတဲ့ ကပ်သီးကပ်သတ် ကြေးလိုင်းမျိုး ဖြစ်ပါတယ်။
MPA ရဲ့ ကောက်ချက်ကတော့ မက္ကဆီကို ပရိသတ်တွေရဲ့ ဆူညံသံတွေကြားထဲမှာ အင်္ဂလန်တို့ ရုန်းကန်ရမှာ ဖြစ်ပြီး၊ မက္ကဆီကိုရဲ့ ကြမ်းတမ်းတဲ့ ပိတ်ဆို့မှုကြောင့် ပွဲက အချိန်ကြာမြင့်စွာ ဂိုးမရှိ သရေ အခြေအနေ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် “ဂိုးအောက်” ဖြစ်ဖို့ ရာခိုင်နှုန်း မြင့်မားပါတယ်။ ဒီပွဲအတွက် ကြေးလိုင်းတွေအရ အောက်စုံကို ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်: မက္ကဆီကို ၀ – ၁ အင်္ဂလန် (သို့မဟုတ် မိနစ် ၉၀ အတွင်း ၁ – ၁ သရေကျပြီး အချိန်ပို သွားနိုင်ပါတယ်)။
