Kasikornbank (KBank) က ထိုင်းနိုင်ငံတွင် ပထမဆုံးသော အစီအစဉ်ဖြစ်သည့် အသက် ၄၅ နှစ်အရွယ်ဝန်ထမ်းများအတွက် အထူးအငြိမ်းစားယူခွင့် (ER) အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့သည်။
ကျွမ်းကျင်သူများက ဤလုပ်ရပ်သည် နည်းပညာ တိုးတက်ပြောင်းလဲမှုနှုန်း အရှိန်အဟုန်မြင့်လာခြင်းနှင့် အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက်စလုံးအပေါ် ဖိအားများ တိုးလာခြင်းကို ထင်ဟပ်ပြနေသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် အငြိမ်းစားယူခြင်းသည် ရိုးရာအရ အသက်ကြီးသူများအတွက် သာဖြစ်သော်လည်း အသက် ၄၅ နှစ်အရွယ်ကဲ့သို့ လူငယ်များပါ အလုပ်မှထွက်ခွာလာမည်ကို ငြင်းခုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဝန်ထမ်းအများစုက လက်ရှိအစီအစဉ်သည် အခြားစက်မှုလုပ်ငန်းများ၊ အထူးသဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို ကြုံတွေ့နေရသော လုပ်ငန်းများအတွက် ရှေ့ပြေးနမူနာဖြစ်လာမည်ကို စိုးရိမ်တုန်လှုပ်နေကြသည်။
ထိုင်းကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရှင်များအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Tanit Sorat က ဘဏ်လုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကဲ့သို့သော အကြီးစားအဖွဲ့အစည်းများသည် ဒစ်ဂျစ်တယ်စနစ်ကြောင့် တဖြည်းဖြည်း ပြောင်းလဲလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလုပ်ရှင်များကလည်း အဆိုပါအစီအစဉ်များကို ဝန်ထမ်းများကို တိတ်တဆိတ် ထုတ်ပစ်ရန် နည်းလမ်းအဖြစ် အသုံးပြုနိုင်သလို ဆန္ဒအလျောက် အငြိမ်းစားယူခြင်းသည် အလုပ်သမားဥပဒေများနှင့် ကိုက်ညီရမည်ဟု ဆိုသည်။
အနည်းဆုံး အသက် ၅၅ နှစ်မှသာ အငြိမ်းစား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိနိုင်သဖြင့် အသက်ငယ်ငယ်နှင့် စောလွန်းစွာ အငြိမ်းစားယူပါက အဆိုပါအကျိုးခံစားခွင့်ကိုဆုံးရှုံးနိုင်သည်။
ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်၏ ယခင်ဥက္ကဋ္ဌဖြစ်သူ Supant Mongkolsuthree က Bangkok Post သတင်းစာသို့ ပြောကြားရာတွင် ၂၀၂၅ ခုနှစ်၏ စီးပွားရေးကျဆင်းမှုသည် အတိတ်ကအကျပ်အတည်းများနှင့်မတူဘဲ နည်းပညာကြောင့် အလုပ်အကိုင်ရွှေ့ပြောင်းမှု ပိုမိုမြန်ဆန်လာသည်ဟု ဆိုသည်။
အမေရိကန်၏ အခွန်စည်းကြပ်မှုဆိုင်ရာ မူဝါဒကြောင့် ပို့ကုန်ဝင်ငွေများအပေါ်တွင်များသက်ရောက်မည်ဖြစ်ကာ ထိုင်းနိုင်ငံရှိ SME ဝန်ထမ်း ၁၂.၉ သန်းအနက် ၄.၅ သန်းအထိ အန္တရာယ်ရှိနေသည့်အနေအထားတွင်ရှိနေသည်။
