စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှ လူချိန်းပြီး ပြန်လာသည့် စစ်ကြောင်းကို ကာဘိုးတံတားအနီးတွင် PDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၂၀ရက်၊ နံနက် ၉နာရီခွဲခန့်တွင် တန့်ဆည်မြို့ပေါ်မှ ကန့်ဘလူမြို့နယ်၊ ကာဘိုးအ ထိုင်စခန်းသို့ ပြန်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ် ပကဖက သတင်းထုတ်ပြန်သည်။
” တန့်ဆည်မြို့ထဲကိုမှ အင်အားလာချိန်းတာ။ တန့်ဆည်မြို့ထဲကကိုမှ သူတို့ ငတန်းအထိုင်ရွာကို ဝင်ပြီးတော့ အဲ့ အက်တော၊ သဲကုန်းဘက်ကနေ ကာဘိုးဘက်ကိုပြန်ကူးတာ ဖြတ်တိုက်တာ။ အင်အား ၈၀လောက်ပါတယ်။ တိုက်ပွဲကတော့ နာရီဝက်လောက်ဖြစ်ခဲ့တယ်” ဟု တန့်ဆည်မြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သား ၅ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရရှိခဲ့သည်ကို မျက်မြင်အတည်ပြုနိုင် ကြောင်း ၎င်းကပြောသည်။
” ကာဘိုးဘက်ကို ဆက်ထွက်သွားတာဗျ။ ခွေးနာတဲ့ကောင်တွေတောင်မှ ပြီးကျမှ နေ့လယ် ၁၂နာရီလောက်မှ ကားနဲ့လာတိုက်ပြီး ကာဘိုးထဲဝင်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ကာဘိုးအထိုင်စခန်းသည် မီတာ ၂၀၀၀ကျော်သာဝေး ကြောင်းသိရသည်။
ကာဘိုးအထိုင်စခန်းသို့ ဝင်သွားသည့် ယင်းစစ်ကြောင်းသည် ယနေ့(အောက်တိုဘာ၂၁ရက်)နံနက်၉ နာရီကျော်အထိ ပြန်ထွက်မလာသေးကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ်ပကဖ၊ရွှေဘိုခရိုင် အမှတ် -၅၂ ဗျူဟာတပ်ရင်း၊ရေဦး ပကဖနှင့် PLAတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
