ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် KIA နှင့် PDF ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကလေးငယ် တစ်ဦး သေဆုံးဟုဆိုသည့် အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက် ရှိသည်။
“DGF21News” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီ ၄၁ မိနစ်တွင် ကချင် ပြည်နယ်၊ ဝိုင်းမော်မြိုနယ် ရှိ နန့်ဝါကျေးရွာတွင် KIA နှင့် PDF များက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကြောင့် အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြန့်ဝေထားသည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/cBZO2
အဆိုပါအကြောင်းအရာကို “Snow Queen, Ye Yint Htet (#yyh)” တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုးများခဲ့သည်။
Snow Queen – https://archive.ph/lZWVh
Ye Yint Htet (#yyh) – https://archive.ph/ule0P
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရ သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ဝိုင်းမော် ၈ နှစ် အရွယ် ကလေးငယ်သေဆုံး” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring, Kachin News Group” တို့က သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ၂၀၂၅ ဩဂုတ် ၃၁ ရက်က ကချင်ပြည်ယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဝါရွာကို စစ်ကောင်စီ က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ စစ်ဘေးရှောင်မိသားစုဝင် ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသက်ရှစ်နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ နမ့်ဝါရွာ တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို KIA နှင့် KPDF များ လှုပ်ရှားမှု မရှိကြောင်း၊ လမြန်ရွာ၊ နမ့်ဝါရွာအပြင် အနီးပတ်ဝန်းကျင်ရှိ ရွာများကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုများ ပြုလုပ်နေပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ ) မှနေ၍ လက်နက်ကြီးများ ဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံ အသံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/vYu1
Kachin News Group – https://bitly.cx/yxzL2
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ၊ နမ့်ဝါရွာတွင် စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုကြောင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ရေးသားထားသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “KIA နှင့် PDF များ ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ဦး သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၃ ရက် ညနေပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
