မြန်မာကို ကမ္ဘာက အာရုံစိုက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်သား တောင်းဆို

ဓာတ်ပုံ- ယနေ့ All In One Piece Movement
ပုံစာ- နိုင်ငံတကာ All In One Piece လှုပ်ရှားမှုပုံရိပ်များ။

ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မြန်မာနိုင်ငံကို မေ့ပျောက်မသွားစေရေး သေချာအာရုံစိုက်ပေးရန် ဒေါ်အောင် ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက နိုင်ငံတကာသို့ တောင်းဆိုလိုက်သည်။

ယနေ့(ဒီဇင်ဘာ၁၃ရက်)စတင်လိုက်သော All In One Piece Movement နှင့်ပတ်သက်ပြီး ကင်မ်အဲရစ်က သတင်းစကားပါးရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

“မြန်မာပြည်ဟာ ဒီလမ်းကြောင်းကို တစ်ယောက်တည်း လျှောက်လို့မရပါဘူး”ဟု ကင်မ်အဲရစ်က နိုင်ငံတကာသို့ ပြောကြားသည်။

ကင်မ်အဲရစ်ဦးဆောင်သော All In One Piece Movement ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင် ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ နိုင်ငံခေါင်းဆောင်များကို ဖမ်းဆီးထားပြီး ပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာလျှင်ဖြစ်ကြောင်း ကမ္ဘာက သိရှိသတိပြုမိစေ ရေးနှင့် အားလုံး၏ စည်းလုံးမှုအင်အားကို ပြသနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

၄နှစ်ကျော်ကြာ ဒုက္ခများစွားခံစားနေရသော်လည်း လက်မလျှော့ခဲ့ကြသည့် မြန်မာပြည်သူများကို နွေ ဦးတော်လှန်ရေး အနိုင်ရမည်ဟုလည်း ကင်မ်က ပြောကြားခဲ့သေးသည်။

“ကျနော်တို့ အနိုင်ရမှာပါ။ဒါပေမဲ့၊ကျနော်တို့ စည်းလုံးညီညွတ်ရင် ပိုပြီး မြန်မြန် အနိုင်ယူနိုင်မှာပါ။ကွဲ ပြားမှု မရှိရဘူး။တွန့်ဆုတ်မှု မရှိရပါဘူး။ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဘက်တွေ လုပ်လို့မရပါဘူး။ကျနော်တို့ အတူတကွ ရပ်တည်တဲ့အခါ ကျနော်တို့ မပြိုကွဲနိုင်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

မေမေ့အတွက် လွတ်လပ်မှု၊ အားလုံးအတွက် လွတ်လပ်မှု။ မေ့မေ့အတွက် တရားမျှတမှု၊ အားလုံးအတွက် တရားမျှတမှု။ ကျနော်တို့အားလုံး တပေါင်းတစ်စည်း၊အတူတကွဆို အနိုင်ရမည်ဟု လည်း ကင်မ်က ဆိုသည်။

“မေမေ့ရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးမှုဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူသန်းပေါင်းများစွာရဲ့ လွတ်လပ်ခွင့် ဆုံးရှုံး မှုကို ထင်ဟပ်စေပါတယ်။ All In One Piece Movement ကမ်ပိန်းလှုပ်ရှားမှုဟာဆိုရင်လည်း မေမေ ရဲ့ အကြောင်းတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ဒါဟာ လွတ်လပ်ခွင့် ရုပ်သိမ်းခံခဲ့ရတဲ့ နိုင်ငံတစ်ခုအ ကြောင်းလည်း ဖြစ်ပါတယ်။နောက်ပြီးတော့ သန်းပေါင်းများစွာအတွက် ဂုဏ်သိက္ခာ၊တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ၊ ပြန်လည်ထူထောင်ရေးနဲ့လည်း ပတ်သက်ပါတယ်”ဟု ကင်မ်က ဆိုသည်။
ယနေ့ All In One Piece Movement ကို ဖင်လန်၊ ထိုင်ဝမ်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီး ယား စသည့်နိုင်ငံများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာတည်း-ML