မန္တလေးတိုင်းအတွင်းရှိ ၂၀၂၀ရွေးကောက်ခံ NLDလွှတ်တော်ကိုယ်စားလှယ်များအားလုံး တတိယနိုင် ငံသို့ မသွားကြကြောင်း သိရသည်။
မန္တလေးတိုင်းတွင် ၂၀၂၀ရွေးကောက်ခံ NLDလွှတ်တော်ကိုယ်စားလှယ် အယောက်၁၀၀ ဝန်းကျင်ရှိ ပြီး အများစုမှာ ပြည်တွင်း၌ပင် နိုင်ငံရေးနှင့် စစ်ရေးတာဝန်ထမ်းဆောင်နေကြကြောင်း မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံက သိရသည်။
“ကျနော်သိသလောက်ဆိုရင် ကျနော်တို့မန္တလေးတိုင်းထဲက ၂၀၂၀အမတ်တော်တော်များများက တ တိယနိုင်ငံသွားဖို့ လျှောက်ထားတာမျိုးတောင် မရှိဘူး”ဟု ၎င်းက MPAသို့ပြောသည်။
မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် အယောက်၂၀ခန့်မှာ တော်လှန်ရေးနယ်မြေများ၌ နိုင်ငံရေး နှင့်စစ်ရေးတာဝန်များ ထမ်းဆောင်နေကြပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်တွင်းနှင့် မဲဆောက်တို့တွင် အခြေစိုက်ကာ နိုင်ငံရေးတာဝန်များ လုပ်ဆောင်နေကြကြောင်း သိရသည်။
“NLDအစိုးရလက်ထက်မှာ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ ဦးဆောင်မှုနဲ့ မန္တလေးဆိုတာ နေ့ချင်းကြီးလာသလို တခြား မြို့တိုင်းက အားကျကြရတဲ့ ခေတ်မီမြို့ကြီးတစ်မြို့ ဖြစ်လာတာ အား လုံးရဲ့ မျက်မြင်ပါပဲ။ဒေါက်ဇော်(ဒေါက်တာဇော်မြင့်မောင်)ကွယ်လွန်သွားပေမဲ့ သူ့ရဲ့တပည့် လွှတ် တော်အမတ်တွေ တော်လှန်ရေးနယ်မြေတွေမှာ တက်ကြွလှုပ်ရှားနေတာ ကိုယ်တိုင်လည်း မြင်နေ ရတယ်။လေးလည်းလေးစားရပါတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
တော်လှန်ရေးစိုးမိုး ထိန်းချုပ်နယ်မြေ ကျယ်ဝန်းလာသည်နှင့်အမျှ ဒေသခံပြည်သူများအရေး ထမ်းပိုး ရသည့် နိုင်ငံရေးလုပ်ငန်းတာဝန်လည်း များသထက်များလာကြောင်း မန္တလေးတိုင်းလွှတ်တော်ကိုယ် စားလှယ်က ဆိုသည်။
၂၀၂၀ရွေးကောက်ခံ မန္တလေးတိုင်း NLDလွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်ကာ မန္တလေး ဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ MIGC ကို နိုဝင်ဘာ၂၈ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း နိုင်ငံရေးနှင့်စစ်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်။
စာတည်း-ML
